KNU ေကာ့ကရိတ္မွာ ႏိုင္ငံေရးသင္တန္း ဖြင့္

0
303

အပစ္ရပ္တပ္ဖြဲ႔တခုျဖစ္တဲ့ KNU ကရင္အမ်ဳိးသားအစည္းအ႐ံုးက ေကာ့ကရိတ္ၿမိဳ႕ နယ္မွာ အေျခခံႏိုင္ငံေရးသင္တန္းတခု ပို႔ခ်ေပးေနျပီး အဖြဲ႔အစည္းအတြင္း ႏိုင္ငံေရးစြမ္းရည္ျမႇင့္တင္ဖို႔ ရည္ရြယ္ဖြင့္လွစ္တာျဖစ္တယ္လို႔ KIC သတင္းမွာ ေဖာ္ျပပါတယ္။

စက္တင္ဘာ ၂၀ ရက္ကေန ၂၄ ရက္အထိ ၅ ရက္ၾကာျပဳလုပ္မယ့္ ႏိုင္ငံေရးသင္တန္းမွာ KNU လုပ္ေဆာင္ေနတဲ့ လုပ္ငန္းစဥ္မ်ားအနက္ အေၾကာင္းအရာငါးခုကို ပို႔ခ်သြားမွာျဖစ္ျပီး သင္တန္းကို ေကာ့ကရိတ္ ၿမိဳ႕နယ္ရွိ စုကလိ၊ ဖလူး၊ ေသ့ေဘာဘိုး၊ ဆံုဆည္းၿမိဳင္၊ ေမာခီးႏွင့္ ႏို႔ဖိုး စတဲ့ ေက်းရြာအုပ္စုမ်ားက လူ ၇၀ ေက်ာ္ တက္ေရာက္ေနပါတယ္။

KNU ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ တြဲဖက္အေထြေထြအတြင္းေရးမွဴး(၂) ပဒိုေစာလွထြန္းက သင္ ၾကားပို႔ခ်ေနတာျဖစ္ျပီး အလားတူသင္တန္းမ်ိဳး ၃ ႀကိမ္တိုင္ဖြင့္လွစ္ခဲ့ျပီး ျဖစ္ပါတယ္။
………………. ။ ။ …………….

KNU က ကော့ကရိတ်မှာ နိုင်ငံရေးသင်တန်း ဖွင့်

အပစ်ရပ်တပ်ဖွဲ့တခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက ကော့ကရိတ်မြို့ နယ်မှာ အခြေခံနိုင်ငံရေးသင်တန်းတခု ပို့ချပေးနေပြီး အဖွဲ့အစည်းအတွင်း နိုင်ငံရေးစွမ်းရည်မြှင့်တင်ဖို့ ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ KIC သတင်းမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၂၀ ရက်ကနေ ၂၄ ရက်အထိ ၅ ရက်ကြာပြုလုပ်မယ့် နိုင်ငံရေးသင်တန်းမှာ KNU လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်များအနက် အကြောင်းအရာငါးခုကို ပို့ချသွားမှာဖြစ်ပြီး သင်တန်းကို ကော့ကရိတ် မြို့နယ်ရှိ စုကလိ၊ ဖလူး၊ သေ့ဘောဘိုး၊ ဆုံဆည်းမြိုင်၊ မောခီးနှင့် နို့ဖိုး စတဲ့ ကျေးရွာအုပ်စုများက လူ ၇၀ ကျော် တက်ရောက်နေပါတယ်။

KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက သင်ကြားပို့ချနေတာဖြစ်ပြီး အလားတူသင်တန်းမျိုး ၃ ကြိမ်တိုင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)