အင္ဒိုက ရခိုင္အတြက္ ေလယာဥ္ ႏွစ္စင္းစာ ကယ္ဆယ္ပစၥည္း ေပးပို႔

0
315

အင္ဒိုနီးရွားႏိုင္ငံက ရခိုင္ေဒသအတြက္ ေပးပို႔လိုက္တဲ့ အေမရိကန္ေဒၚလာ ၂၈၀,၀၀၀ ေက်ာ္တန္ဖိုးရွိ ေလယာဥ္ႏွစ္စင္းစာ ကယ္ဆယ္ေရးပစၥည္းေတြ စက္တင္ဘာ ၂၁ ရက္က ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေရာက္ရွိလာတယ္လို႔ အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

အင္ဒိုနီးရွားတပ္မေတာ္ပစၥည္းသယ္ ေလယာဥ္ႏွစ္စင္းနဲ႔ ေပးပို႔လိုက္တဲ့ ကယ္ဆယ္ေရးပစၥည္းေတြထဲမွာ လူသံုးကုန္၊ ေဆးဝါး၊ စားေသာက္ကုန္နဲ႔ ယာယီမိုးကာတဲတို႔ပါဝင္ၿပီး အဲ့ဒီပစၥည္းေတြကို ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဦးစီးဌာနကတဆင့္ ရခိုင္ေဒသကို ဆက္လက္ပို႔ေဆာင္မွာ ျဖစ္ပါတယ္။

အင္ဒိုနီးရွားအစိုးရအေနနဲ႔ ရခိုင္ေဒသအတြက္ တပ္မေတာ္ပစၥည္းသယ္ ေလယာဥ္ေျခာက္စင္းစာ အစား အေသာက္၊ ေဆးဝါးနဲ႔ လူသံုးကုန္ ပစၥည္းတို႔ကို ဆက္လက္ ကူညီေထာက္ပံ႔သြားဖို႔ ရွိပါတယ္။
(USA)
……………………. ။ ။ ………………….

အင်ဒိုက ရခိုင်အတွက် လေယာဉ် နှစ်စင်းစာ ကယ်ဆယ်ပစ္စည်း ပေးပို့
အင်ဒိုနီးရှားနိုင်ငံက ရခိုင်ဒေသအတွက် ပေးပို့လိုက်တဲ့ အမေရိကန်ဒေါ်လာ ၂၈၀,ဝ၀ဝ ကျော်တန်ဖိုးရှိ လေယာဉ်နှစ်စင်းစာ ကယ်ဆယ်ရေးပစ္စည်းတွေ စက်တင်ဘာ ၂၁ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အင်ဒိုနီးရှားတပ်မတော်ပစ္စည်းသယ် လေယာဉ်နှစ်စင်းနဲ့ ပေးပို့လိုက်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေထဲမှာ လူသုံးကုန်၊ ဆေးဝါး၊ စားသောက်ကုန်နဲ့ ယာယီမိုးကာတဲတို့ပါဝင်ပြီး အဲ့ဒီပစ္စည်းတွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနကတဆင့် ရခိုင်ဒေသကို ဆက်လက်ပို့ဆောင်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားအစိုးရအနေနဲ့ ရခိုင်ဒေသအတွက် တပ်မတော်ပစ္စည်း သယ်လေယာဉ်ခြောက်စင်းစာ အစား အသောက်၊ ဆေးဝါးနဲ့ လူသုံးကုန် ပစ္စည်းတို့ကို ဆက်လက်ကူညီထောက်ပံ့သွားဖို့ ရှိပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)