နတ်ဆရာညွှန်ကြားချက်နဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်တဲ့ ကရင်တိုင်းရင်းသား ၂၁ ဦး အဖမ်းခံရ

0
202

နတ်ဆရာက ထိုင်းနိုင်ငံမှာ အဖမ်းခံထားရတဲ့ မိတ်ဆွေကို ကယ်တင်ဖို့ ညွှန်ကြားလို့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ ကရင်တိုင်းရင်းသား ၂၁ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်းအရ ဇူလိုင်လ ၂၁ ရက်နေ့မှာ ဘန်ခ ခရိုင်ထဲက အိမ်တစ်အိမ်ကို တာဝန်ရှိသူတွေက ဝင်ရောက်ရှာဖွေရာ ကရင်တိုင်းရင်းသားဝတ်စုံ ဆင်တူဝတ်ထားတဲ့ ကရင်အမျိုးသား၊ အမျိုးသမီး ၂၁ ဦးကို ဖမ်းမိခဲ့တာပါ။
သူတို့အားလုံးကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးထားပြီး ဒီနေ့လောက်မှာ သိရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ထောက် ခရိုင် ရဲမှူး မွန်ထရီ ပိုကာနစ်က အခု ဝင်လာသူတွေဟာ ဘုရားသုံးဆူ တောင်ကြားလမ်း မျက်နှာချင်းဆိုင်ရွာမှာ နေထိုင်ကြသူတွေလို့ ထွက်ဆိုကြောင်း၊ သူတို့ကို ကျေးရွာ နတ်ဆရာက ဘန်ပွန်ခရိုင်မှာ အဖမ်းခံနေရတဲ့ သူ့မိတ်ဆွေတစ်ဦးကို ကယ်တင်ပြီး ပြန်ခေါ်လာဖို့ လွှတ်လိုက်တာဖြစ်ကြောင်း ပြောပါတယ်။

မော်မော်ဆိုသူ ကရင်တိုင်းရင်းသူက သူနဲ့ရွာသားတွေဟာ ဘုရားသုံးဆူအနီး လက်နက်ကိုင်တပ်ဖွဲ့တွေ မရှိတဲ့နေရာကနေ ဇူလိုင်လ ၂၀ ရက်နေ့မှာ နယ်စပ်ကို ဖြတ်ကျော်လာကြောင်း၊ သူတို့ကို ဗင်ကားငါးစီးက စောင့်ခေါ်ပြီး ဘန်ခရှိ နေအိမ်ကို ပို့ပေးခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ ထိုင်းဥပဒေကို ချိုးဖောက်တယ်ဆိုတာ သူတို့ မသိကြောင်းလည်း ပြောပါတယ်။

သူတို့ ၂၁ ဦးစလုံးကို ဘန်ခ ရဲစခန်းဆီ ပို့ထားပြီး COVID-19 ရလဒ်အဖြေ ထွက်လာပြီးမှ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ COVID-19 ရောဂါ ကူးစက်မှု မရှိပါက ၁၄ ရက် quarantine ဝင်ရဦးမှာ ဖြစ်ပါတယ်။


_________________

_________________

နတ်ဆရာညွှန်ကြားချက်နဲ့ ထိုင်းနိုင်ငံထဲ ဝင်ရောက်တဲ့ ကရင်တိုင်းရင်းသား ၂၁ ဦး အဖမ်းခံရ

နတ်ဆရာက ထိုင်းနိုင်ငံမှာ အဖမ်းခံထားရတဲ့ မိတ်ဆွေကို ကယ်တင်ဖို့ ညွှန်ကြားလို့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ ကရင်တိုင်းရင်းသား ၂၁ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်းအရ ဇူလိုင်လ ၂၁ ရက်နေ့မှာ ဘန်ခ ခရိုင်ထဲက အိမ်တစ်အိမ်ကို တာဝန်ရှိသူတွေက ဝင်ရောက်ရှာဖွေရာ ကရင်တိုင်းရင်းသားဝတ်စုံ ဆင်တူဝတ်ထားတဲ့ ကရင်အမျိုးသား၊ အမျိုးသမီး ၂၁ ဦးကို ဖမ်းမိခဲ့တာပါ။ သူတို့အားလုံးကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးထားပြီး ဒီနေ့လောက်မှာ သိရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ထောက် ခရိုင် ရဲမှူး မွန်ထရီ ပိုကာနစ်က အခု ဝင်လာသူတွေဟာ ဘုရားသုံးဆူ တောင်ကြားလမ်း မျက်နှာချင်းဆိုင်ရွာမှာ နေထိုင်ကြသူတွေလို့ ထွက်ဆိုကြောင်း၊ သူတို့ကို ကျေးရွာ နတ်ဆရာက ဘန်ပွန်ခရိုင်မှာ အဖမ်းခံနေရတဲ့ သူ့မိတ်ဆွေတစ်ဦးကို ကယ်တင်ပြီး ပြန်ခေါ်လာဖို့ လွှတ်လိုက်တာဖြစ်ကြောင်း ပြောပါတယ်။

မော်မော်ဆိုသူ ကရင်တိုင်းရင်းသူက သူနဲ့ရွာသားတွေဟာ ဘုရားသုံးဆူအနီး လက်နက်ကိုင်တပ်ဖွဲ့တွေ မရှိတဲ့နေရာကနေ ဇူလိုင်လ ၂၀ ရက်နေ့မှာ နယ်စပ်ကို ဖြတ်ကျော်လာကြောင်း၊ သူတို့ကို ဗင်ကားငါးစီးက စောင့်ခေါ်ပြီး ဘန်ခရှိ နေအိမ်ကို ပို့ပေးခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ ထိုင်းဥပဒေကို ချိုးဖောက်တယ်ဆိုတာ သူတို့ မသိကြောင်းလည်း ပြောပါတယ်။

သူတို့ ၂၁ ဦးစလုံးကို ဘန်ခ ရဲစခန်းဆီ ပို့ထားပြီး COVID-19 ရလဒ်အဖြေ ထွက်လာပြီးမှ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ COVID-19 ရောဂါ ကူးစက်မှု မရှိပါက ၁၄ ရက် quarantine ဝင်ရဦးမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ သူတို့ကို ကူညီတွေ ထပ်ရှိ၊ မရှိနဲ့ သူတို့ကို သယ်ယူပို့ဆောင်ရေး စီစဉ်ပေးသူတွေကိုလည်း ဆက်လက် စုံစမ်းနေတယ်လို့ လက်ထောက် ခရိုင် ရဲမှူး မွန်ထရီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)