နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေနဲ့ AA အဖွဲ့ တိုက်ပွဲဖြစ်၊ တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံး

0
510

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီး မောင်တော – အငူမော် ကားလမ်းကို AA လက်နက်ကိုင်အဖွဲ့ ရောက်ရှိနေပြီး အများပြည်သူအသုံးပြုနေတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်မှုတွေ ဆောင်ရွက်မယ်လို့ သတင်းရရှိလို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက အင်းဒင် ရဲကင်းစခန်းကနေ မော်တော်ယာဉ်တွေနဲ့ ထွက်ခွာလာခဲ့ပါတယ်။

ညနေ ၅ နာရီ ၂၀ မိနစ်ခန့်မှာ ကိုးတန်ကောက် ကျေးရွာအနီးအရောက် AA တပ်ဖွဲ့က ချောင်းမြောင်း တိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မော်တော်ယာဉ် လိုက်ပါမောင်းနှင် ပို့ဆောင်တဲ့ အရပ်သား ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


___________________

___________________

နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေနဲ့ AA အဖွဲ့ တိုက်ပွဲဖြစ်၊ တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီး မောင်တော – အငူမော် ကားလမ်းကို AA လက်နက်ကိုင်အဖွဲ့ ရောက်ရှိနေပြီး အများပြည်သူအသုံးပြုနေတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်မှုတွေ ဆောင်ရွက်မယ်လို့ သတင်းရရှိလို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက  အင်းဒင် ရဲကင်းစခန်းကနေ မော်တော်ယာဉ်တွေနဲ့ ထွက်ခွာလာခဲ့ပါတယ်။

ညနေ ၅ နာရီ ၂၀ မိနစ်ခန့်မှာ ကိုးတန်ကောက် ကျေးရွာအနီးအရောက် AA တပ်ဖွဲ့က ချောင်းမြောင်း တိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မော်တော်ယာဉ် လိုက်ပါမောင်းနှင် ပို့ဆောင်တဲ့ အရပ်သား ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဖြစ်စဉ်ဖြစ်ပွားရာနေရာကို တပ်မတေ စစ်ကြောင်းတွေက အချိန်မီ သွားရောက် ပူးပေါင်း စစ်ကူပစ်ကူ ဆောင်ရွက်ပေးခဲ့ပြီး ဆုတ်ခွာသွားတဲ့ AA လက်နက်ကိုင်အဖွဲ့ နောက်ကို ထပ်ကြပ်မကွာ စစ်ဆင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)