ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှု အရေးပေါ်စီမံချက်အတွက် ဒေါ်လာ သန်း ၅၀ ချေးယူရေး လွှတ်တော် သဘောတူ

0
182

နိုင်ငံတော်သမ္မတက ပေးပို့ထားတဲ့ ကျန်းမာရေးဆိုင်ရာတုံ့ပြန်မှု အရေးပေါ်စီမံချက် အကောင်အထည်ဖော်ဖို့ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံကနေ အမေရိကန် ဒေါ်လာ သန်း ၅၀ ချေးငွေ ရယူရေးကို ပြည်ထောင်စု လွှတ်တော်က သဘောတူလိုက်ပါတယ်။

မေလ ၂၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ချေးငွေ ရယူရေးကိစ္စကို လွှတ်တော် သဘောထားရယူပြီး လွှတ်တော်က သဘောတူညီကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့တာပါ။

ချေးငွေ ဒေါ်လာ သန်း ၅၀ ရယူရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

_________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)