ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားကနေ မြန်မာနိုင်ငံသား ၃၀၀ ကျော် ပြန်လည်ဝင်ရောက်

0
511

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၃၀၁ ဦးဟာ ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားကနေတစ်ဆင့် မြဝတီမြို့ကို ပြန်လည် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်လာသူတွေကို မြဝတီမြို့ရှိ Quarantine Center မှာ ခေတ္တထားရှိပေးမှာဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ဆက်လက်ပို့ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။

မေလ ၁ ရက်နေ့ကနေ မေလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းအထိ ထိုင်း-မြန်မာ ချစ်ကြည်တံတား အမှတ် (၂) ကနေ ပြန်လည် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ၁၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် စက်ရုံ အလုပ်ရုံတွေ ပိတ်ထားရပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း အလုပ်လက်မဲ့ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို နယ်စပ်ဂိတ်တွေကတစ်ဆင့် ပြန်လာနေကြတာ ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသားတွေကိုလည်း ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့နေပါတယ်။

__________________

__________________

ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားကနေ မြန်မာနိုင်ငံသား ၂၀၀ ကျော် ပြန်လည်ဝင်ရောက်

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၃၀၁ ဦးဟာ ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားကနေတစ်ဆင့် မြဝတီမြို့ကို ပြန်လည် ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်လာသူတွေကို မြဝတီမြို့ရှိ Quarantine Center မှာ ခေတ္တထားရှိပေးမှာဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ဆက်လက်ပို့ဆောင်  ပေးသွားမှာ ဖြစ်ပါတယ်။

မေလ ၁ ရက်နေ့ကနေ မေလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းအထိ ထိုင်း-မြန်မာ ချစ်ကြည်တံတား အမှတ် (၂) ကနေ ပြန်လည် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ၁၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် စက်ရုံ အလုပ်ရုံတွေ ပိတ်ထားရပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း အလုပ်လက်မဲ့ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို နယ်စပ်ဂိတ်တွေကတစ်ဆင့် ပြန်လာနေကြတာ ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသားတွေကိုလည်း ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)