သုံးစွဲဖို့မသင့်တဲ့ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတာ မလုပ်ဖို့ ဝန်ကြီးဌာန သတိပေး

0
237

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက သုံးစွဲဖို့ မသင့်ကြောင်း ထုတ်ပြန်ထားတဲ့ အလှကုန် ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ချိ ရောင်းချတာတွေ မပြုလုပ်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ပြည်တွင်းမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို စစ်ဆေးရာမှာ မှတ်ပုံတင်ထားတာ မရှိတဲ့အပြင် ကျန်းမာရေးအတွက် ဘေးအန္တရယ် ဖြစ်စေတဲ့ တားမြစ် ဓာတုဆေးဝါးတွေ ပါဝင်နေတာတွေ တွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တားမြစ် ဓာတုဆေးဝါးတွေဟာ အရေးပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖြူအနီကွက်တွေဖြစ်တာ၊ အရေးပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းကို စုပ်ယူပြီး ထုံကျဉ်တာ၊ ကြွက်သား တုန်ခါတာ၊ ပင်းပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးတာတွေနဲ့ အခြားရောဂါတွေ ဖြစ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ ကုမ္ပဏီတွေ၊ လက်လီ လက္ကားဆိုင်တွေ အနေနဲ့ FDA မှာ မှတ်ပုံ မတင်ထားတဲ့ တားမြစ်အလှကုန် ပစ္စည်းတွေကို ကျင့်ဝတ်အရ လုံးဝမရောင်းချဖို့နဲ့ လိုက်နာဆောင်ရွက်တာ မရှိရင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

_________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)