Mask မတပ်သူတွေကို အရေးယူနေေ၊ ပညာပေးမှုတွေလည်း ဆက်တိုက်ဆောင်ရွက်

0
176

ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြင်သွားလာပါက နှာခေါင်းစည်း Mask မတပ်ဆင်သူတွေကို အရေးယူနေပြီး တစ်ဖက်မှာ အပြင်သွားလာသူတွေကို Mask တပ်ပြီး သွားလာကြဖို့ ပညာပေးမှုတွေကိုလည်း ဆက်တိုက် ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

မေလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း Mask တပ်ဆင်ရေး အသိပေးမှုနဲ့ Mask မတပ်ဆင်သူတွေကို Mask တပ်ဆင်ကြဖို့ အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး Mask မတပ်ဆင်သူ ၅၀၉ ဦးကို Mask တွေ တပ်ဆင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်အပြင် တောင်ဥက္ကလာ၊ လှိုင်၊ အင်းစိန်၊ မရမ်းကုန်းအစရှိတဲ့ မြို့နယ်တွေမှာလည်း Mask တွေဝေငှပေးပြီး ကျန်းမာရေးအရ အသုံးပြုကြဖို့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။

တကယ်လို့ Mask မတပ်ဘဲ အပြင်သွားလာမယ်ဆိုရင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။

_________________

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)