တရားမဝင် တရုတ်နိုင်ငံသားတွေ ဖမ်းမိ၊ အဆောက်အဦဟောင်း တစ်လုံးအတွင်း လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိ

0
1490

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အနီးမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးရမိပြီး အဆောက်အဦ တစ်လုံးအတွင်းက လက်နက်ခဲယမ်းတွေပါ ဖမ်းမိထားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ဝင် တိုးဂိတ်အနီး ပြည်ထောင်စု လမ်းမကြီးပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ယာဉ်ဝင်၊ ထွက်မှုတွေကို စစ်ဆေးစဉ် မေ ၂၁ ရက် ၁ နာရီခန့်မှာ မူဆယ်မြို့ ဘက်ကနေ (၁၀၅) မိုင်ဘက်ကို မောင်းနှင်လာတဲ့ ရန်ကုန်မှတ်ပုံတင် Wish အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီယာဉ်ပေါ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ် နိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးစဉ်အတွင်း ယာဉ်မောင်းမှာ မောင်းနှင် ထွက်ပြေးသွားခဲ့လို့ မွန်းလွဲ ၂ နာရီခန့်မှာ ယာဉ်မောင်းဖြစ်သူ စောကျော်ကျော်စိုးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မေလ ၂၂ ရက်နေ့ မနက် ၄ နာရီခွဲခန့်မှာ မူဆယ် မြို့မှ (၁၀၅) မိုင်အထွက် ပြည်ထောင်စု လမ်းမကြီးဘေးရှိ မသင်္ကာဖွယ် အဆောက်အဦဟောင်း တစ်လုံးကို စစ်ဆေးရာ ပီနံအိတ်နဲ့ ထုပ်ထားတဲ့ အမ်-၂၂ သေနတ် (ကျည်အိမ်ပါ) ၃ လက်၊ ကျည် ၆၉ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပါတယ်။

ဒါ့အပြင် ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မနက် ၁၁ နာရီခွဲခန့်က မူဆယ်မြို့၊ မြို့ဝင် စစ်ဆေးရေးဂိတ်အနီးရှိ ချိန်စူရှန့် အပါအဝင် မြန်မာနိုင်ငံသား ၂ ဦးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို တရားဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ မူဆယ်မြို့မရဲစခန်းကို စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်းနဲ့ လက်နက်၊ ခဲယမ်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားတယ်။

__________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)