မေလ ၂၃ ရက်နေ့ မနက် ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးရှိသူ ၂ ဦး ထပ်တိုး

0
758

မေလ ၂၃ ရက် ဒီကနေ့ မနက် ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးရှိသူ ၂ ဦး ထပ်တိုးလာတာကြောင့် မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးရှိသူ ၂၀၁ ဦးအထိ ရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သူ အသစ် ၂ ဦးစလုံးဟာ မလေးရှားနိုင်ငံက ပြန်လည် ရောက်ရှိလာသူတွေဖြစ်ပြီး အသွားအလာ ကန့်သတ်နေထိုင်ရသူတွေ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ဆေးကုသမှု ခံယူနေပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံထားရသူ ၂၀၁ ဦးအထိ ရှိလာပြီး ရောဂါပိုး ပြန်ကင်စင်းလာသူ ၁၁၆ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ရရှိသူ ၁၀၁ ဦးအထိ ရှိလာတာဖြစ်ပါတယ်။ သေဆုံးသူကတော့ ၆ ဦးနဲ့ ရပ်တန့်နေတာ ဖြစ်ပါတယ်။

________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)