YSB မှာ သုံးမယ့် ဟွန်ဒိုင်း ဘတ်စ်ကား ၂၀၀ ထဲက ၅၀ ကိုရီးယားကနေ စတင် တင်ပို့

0
349

ရန်ကုန်ကျောင်းကားစနစ် YSB မှာ အသုံးပြုမယ့် ဘတ်စ်ကား အစီး ၅၀ ကို ပထမ အသုတ်အနေနဲ့ ကိုရီးယားနိုင်ငံက တင်ပို့လိုက်တဲ့အကြောင်း နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြလာပါတယ်။

(သတင်း ဓာတ်ပုံ – http://english.donga.com/List/3/02/26/931643/1)

အဲ့ဒီကားတွေ ကို ကိုရီးယား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီ KOTRA နဲ့ POSCO Daewoo ကုမ္ပဏီတို့ကနေ တင်ပို့ထားတဲ့အကြောင်း တနင်္လာနေ့က ပြောကြားထားတာ ဖြစ်ပါတယ်။

YSB စီမံကိန်းမှာ အသုံးပြုဖို့အတွက် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ အစိုးရအဖွဲ့တွေ G2G စာချုပ် ချုပ်ဆိုပြီး  ဟွန်ဒိုင်းအမှတ်တံဆိပ် ဘတ်စ်ကား အစီးရေ ၂၀၀ ကျော်ကို တင်သွင်းဖို့ရှိနေတာပါ။

ကိုရီးယားကနေ အခုတင်ပို့လိုက်တဲ့ ၂၉ ယောက်စီး အဆင့်မြင့် ဟွန်ဒိုင်း ကားသစ်တွေကို ရန်ကုန်မြို့ တွင်း ကျောင်းသားများ အကြို အပို့ အတွက် ကျောင်းကား အဖြစ် အသုံးပြုသွားမှာပါ။

ကျန်ရှိနေသေးတဲ့  ဘတ်စ်ကား အစီး ၁၅၀ ကတော့ လာမယ့် ဇွန်လ အတွင်း ရန်ကုန်မြို့ကို ထပ်ရောက်လာဖို့ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)