တိုက်လေယာဉ် လေ့ကျင့်နေစဉ် ဗုံး ၂ လုံး မတော်တဆ ပြုတ်ကျ

0
310

F-7 တိုက်လေယာဉ် ဝေဟင်-မြေပြင် လေ့ကျင့် ပစ်ခတ်စဉ်မှာ လေ့ကျင့်ရေးဗုံး ၂ လုံး မတော်တဆ ပြုတ်ကျမှု ဖြစ်ပွားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

မန္တလေးတိုင်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းအနီး ဇရပ်ကုန်း စက်ပစ်ကွင်းမှာ လေတပ်မတော်က F-7 ကြားဖြတ် တိုက်လေယာဉ် မနေ့က မေလ ၂၂ ရက်နေ့မှာ ပစ်မှတ်နေရာ အချိန်မတိုင်မီ နှမ်းခင်းထဲကို မတော်တဆ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ လေယာဉ်ရဲ့ လက်နက်ပိုင်းဆိုင်ရာ လျှပ်စီးပတ်လမ်း ချွတ်ယွင်းမှုကြောင့်လို့ ဖော်ပြထားပြီး လူနဲ့ တိရစ္ဆာန် ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း၊ လေတပ်က ကျွမ်းကျင်ပညာရှင်တွေ စုံစမ်းစစ်ဆေးနေကြောင်း ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)