မဟန ဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ မဘသ လက်မှတ်ထိုး ကတိပြု

0
517

မြန်မာနိုင်ငံ အနှံ့က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့နဲ့ မဘသ အမည်ကို သုံးပြီး ဘာမှ မလုပ်ဆောင်ကြဖို့ မဟနက အမိန့် ထုတ် ညွှန်ကြားချက်ကို လိုက်နာပါမယ်လို့ မဘသ ဦးဆောင် ဆရာတော် နှစ်ပါးက ကတိပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။

မဘသ ဥက္ကဋ္ဌ အင်းစိန် ရွာမ ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသနဲ့ ဒု ဥက္ကဋ္ဌ ဆရာတော် တိပိဋက ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ တို့က ဆုံးဖြတ်ချက်ကို တိကျစွာ လိုက်နာမှာ ဖြစ်ကြောင်းနဲ့ ကျန် မဘသ ဆရာတော်တွေကိုလည်း အသိပေး ပြောကြားမှာ ဖြစ်ကြောင်း မဟန ဆရာတော်တွေ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။

ညွှန်ကြားချက်တွေကို မလိုက်နာပါက ရဟန်းဖြစ်ရင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀၊ လူဖြစ်ရင် တည်ဆဲဥပဒေနဲ့ အရေးယူဖို့၊ ဆုံးဖြတ်ချက်တွေကို ပြည်ထဲရေးဌာနက အမြန်ဆုံး အရေးယူဖို့ မဟနရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)