မဘသ ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့၊ မဘသ အမည်နဲ့ ဘာမှ မလုပ်ဆောင်ကြဖို့ မဟန အမိန့်ထုတ်

0
303

မြန်မာနိုင်ငံ အနှံ့က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့နဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီ ဖြစ်ဖြစ် အဖွဲ့လိုက် ဖြစ်ဖြစ် မဘသ အမည်ကို သုံးပြီး ဘာမှ မလုပ်ဆောင်ကြဖို့ မဟနက အမိန့် ထုတ် ညွှန်ကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ -NYEIN CHAN NAING (EPA/့YANGON)

ဒီနေ့ မေလ ၂၃ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (မဟန) ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာပြည် အနှံ့က စိုက်ထူထားတဲ့ မဘသ အဖွဲ့ ဆိုင်းဘုတ်တွေကို ၁၅.၇.၂၀၁၇ နောက်ဆုံးထားပြီး အပြီးအပိုင် ဖြုတ်သိမ်းရမယ်လို့ ပါရှိပါတယ်။

မဟန ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သြဘာသာဘိဝံသနဲ့ တွဲဖက် အကျိုးတော်ဆောင် ဘဒ္ဒန္တ အဂ္ဂဓမ္မတို့ လက်မှတ်ရေးထိုး ထုတ်ပြန်ချက်မှာ ညွှန်ကြားချက်တွေကို မလိုက်နာပါက ရဟန်းဖြစ်ရင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀၊ လူဖြစ်ရင် တည်ဆဲဥပဒေနဲ့ အရေးယူဖို့၊ ဆုံးဖြတ်ချက်တွေကို ပြည်ထဲရေးဌာနက အမြန်ဆုံး အရေးယူဖို့ ဖော်ပြထားပါတယ်။

ညွှန်ကြားလွှာကို တိုင်းနဲ့ ပြည်နယ် ဂိုဏ်းပေါင်းစုံ သံဃနာယက အဖွဲ့တွေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန၊ သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန စတဲ့ဌာနတွေကို ပူးတွဲ ပေးပို့ထားပါတယ်။

မဘသအဖွဲ့ အနေနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ပြီးခဲ့တဲ့ မတ်လကတည်းက မိန့်ကြားခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)