၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို TNLA တက်မယ်

0
312

အထူးဖိတ်ကြားသူ အနေနဲ့ တက်ရောက်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဖိတ်ကြားလာတဲ့အတွက် ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို တအာင်း PSLF/TNLA တက်ရောက်မှာ ဖြစ်တယ်လို့ ဒီနေ့ မေလ ၂၃ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) အနေနဲ့ ရပ်တန့် ပိတ်ဆို့နေတဲ့ မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လမ်းစပွင့်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကို အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) နဲ့ အတူ တက်ရောက်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

PSLF/TNLA ကိုယ်စားလှယ်အဖြစ် ဒု ဥက္ကဋ္ဌ (၁) ဗိုလ်မှူးချုပ် တားဂျုတ်ဂျား၊ ဒု ဥက္ကဋ္ဌ (၂) ဗိုလ်မှူး တားပန်လတို့ တက်ရောက်မှာ ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို နေပြည်တော်မှာ မေလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)