စိုက်ပျိုးရေးထွက်ကုန်တွေ တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလဆွေးနွေး

0
273

 

မြန်မာ့စိုက်ပျိုးရေးထွက်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် တိုးမြှင့် ထုတ်လုပ်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလစက်မှုလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) တို့ ဆွေးနွေးမှု ပြုလုပ်ခဲ့ ပါတယ်။

(သတင်းဓာတ်ပုံ – နိုင်ငံခြားရေးဝန်ကြီးဌာန)

မေလ ၂၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို United Nations Industrial Development Organizaton (UNIDO) ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး (ဌာနေ ကိုယ်စားလှယ်ဖြစ်သူ) Mr. Stein R. Hansen က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်လွှာ လာရောက်ပေးအပ်စဉ် အဲ့ဒီလို ဆွေးနွေးခဲ့တာပါ။

အဲ့ဒီလို စိုက်ပျိုးရေးထွက်ကုန်တွေကို တန်ဖိုးမြှင့်တင် ထုတ်လုပ်တဲ့ကဏ္ဍမှာ စွန့်ဦး တီထွင်သူ လူငယ် လုပ်ငန်းရှင်တွေ ပိုမို ပါဝင်လာရေးကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့ကြတာပါ။

ဒါအပြင် မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ လိုအပ်နေတဲ့ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍအတွက် နည်းပညာနဲ့ အထောက် အပံ့ပေးနိုင်ရေး၊ နိုင်ငံအတွင်း တည်ဆောက်မယ့် တံတာတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု အကူအညီ ပံ့ပိုးပေးရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)