၂၁ ရာစု ပင်လုံညီလာခံမှာ အပြုသဘောနဲ့ ပါဝင်ဆွေးနွေးကြဖို့လိုဟု ဦးရွှေမန်းဆို

0
350

  ၂၁ ရာစု ပင်လုံညီလာခံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် အပြုသဘောနဲ့ ပါဝင်ဆွေးနွေးကြဖို့ လိုအပ်တယ်လို့ လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်းက တိုက်တွန်းလိုက်ပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA/MYANMAR)

မေလ ၂၄ ရက်နေ့၊ နေပြည်တော်မှာ စတင်ကျင်းပဖို့ရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) နဲ့ပတ်သက်ပြီး မေလ ၂၃ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် သူရ ဦးရွှေမန်းက အဲ့ဒီလို တိုက်တွန်းပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ဖက်ဒရယ်ဆိုတာ စုစည်းနေထိုင်ပြီး တိုးတက်ခေတ်မီတဲ့ ပြည်ထောင်စု စနစ်ကို ဒီမိုကရေစီနည်းလမ်းနဲ့ ထူထောင်ရမှာဖြစ်တာကြောင့် ပြည်ထောင်စုကြီး ရှင်သန်ခိုင်မာရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ လွတ်လပ်ပြီး အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ကမ္ဘာတည်သရွေ့ တည်တံ့နေရေးအတွက် အဓိကထား ဆွေးနွေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း သူရဦးရွှေမန်းက ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)