မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂၀၁၇ ကျင်းပမယ်

0
311

နိုင်ငံတကာက တက္ကသိုလ်ကျောင်းအသီးသီးက ပါဝင်ပြသမယ့် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂၀၁၇ International Education Fair  Myanmar 2017 ကို ကျင်းပဖို့ရှိနေပါတယ်။

လာမယ့် ဇွန်လ ၉ ရက်နေ့ကနေ ၁၁ နေ့အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ခင်းကျင်း ပြသဖို့ရှိနေတာပါ။

အဲ့ဒီပြပွဲမှာတော့ နိုင်ငံတကာရှိ မူလတန်းကြိုကျောင်းတွေကနေ အဆင့်မြင့်တက္ကသိုလ်ကြီးတွေက ပါဝင်ပြသဖို့ ရှိနေတာပါ။

ဒါအပြင် နိုင်ငံတကာရှိ အဆင့်မြင့်တက္ကသိုလ်ကြီးတွေက ပေးအပ်ချီးမြှင့်ဖို့ရှိနေတဲ့ ပညာသင်ဆုတွေ ကို လျှောက်ထားနိုင်မယ့် အစီအစဉ်တွေအပြင် နိုင်ငံတကာပညာရေးနဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့ ပညာရပ်အလိုက် ဟောပြောဆွေးနွေးမှုတွေကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

 မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲတွေကို ၂၀၁၅ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ၃ ကြိမ်မြောက်အနေနဲ့ ကျင်းပပြုလုပ်လာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)