ခန္တီးရတနာမြေ ကိစ္စဟာ ပဋိပက္ခမဟုတ်ဘဲ ဥပဒေနဲ့ မညီတဲ့ အလုပ်လို့ တိုင်း ဥပဒေချုပ် ပြော

0
291

လုံခြုံရေး အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တဲ့ ခန္တီးရတနာမြေ ဖြစ်စဉ်ကို ကွင်းဆင်းကြည့်ရှုပြီးတဲ့ နောက်မှာ နှစ်ဖက် ပဋိပက္ခ ဖြစ်ကြတာ မဟုတ်ဘဲ ဥပဒေနဲ့ မညီ ဆန့်ကျင်တဲ့ အစုအဝေးနဲ့ တစ်ဖက်သတ် အပြုအမှုလုပ်တာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှက ပြောပါတယ်။

စည်းရိုးကာထားတဲ့ ကုမ္ပဏီဝင်းအတွင်း စုပုံထားတဲ့ ရေမဆေးမြေစာပုံတွေကို လူစုကြီးက ဝင်ရောက် သယ်ယူဖျက်ဆီးတာ ဖြစ်တယ်လို့ ဦးခင်မောင်လှက စစ်ကိုင်းတိုင်း လွှတ်တော်မှာ ရှင်းလင်းပြောကြားကြောင်း ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

လွှတ်တော်အမတ် ဦးမောင်ဌေးက ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ ရေမဆေးသမားတွေရဲ့ ပဋိပက္ခ ဖြေရှင်းရာမှာ လူသေဆုံးခြင်းဟာ လက်ရှိ အစိုးရပုံရိပ်ကို အရုပ်ဆိုး အကျည်းတန်စေတဲ့အတွက် တိုင်းအစိုးရ အနေနဲ့ ဘယ်လို ကြိုတင် ဆောင်ရွက်မလဲ ဆိုတာနဲ့ လူအုပ်ကို ဖယ်ရှားဖို့ အဓိကရုဏ်း နှိမ်နင်းနည်း အဆင့်ဆင့်ကို မသုံးဘဲ သေနတ်နဲ့ ပစ်ခတ်ခြင်းဟာ ဥပဒေနဲ့အညီ လုပ်ဆောင်ခြင်း ဟုတ်၊ မဟုတ် တိုင်းလွှတ်တော်မှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

အကျိုးဖျက်ဆီးမှုကိုသော် လည်းကောင်း၊ ရာဇဝတ်ပြစ်ဒဏ် ထိုက်သော ကျော်နင်းမှုကိုသော် လည်းကောင်း၊ တခြားပြစ်မှုများကိုသော် လည်းကောင်း ကျူးလွန်ရန် ရည်ရွယ်ချက်နဲ့ ဝင်ကြမယ်ဆိုရင် ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေး ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှက ပြောပါတယ်။

ခန္တီးရတနာမြေမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ အားလုံး မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ထွက်ခွာကြဖို့လည်း အမိန့် ထုတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)