တရားဝင် တပ်မတော်ဖြစ်တဲ့အတွက် တရားဝင် လုပ်ရပ်တွေကိုသာ လုပ်ဆောင်နေဟုဆို

0
241

မြန်မာ့တပ်မတော်ဟာ တရားဝင် တပ်မတော်ဖြစ် တဲ့အတွက် တရားဝင် လုပ်ရပ်တွေကိုသာ လုပ်ဆောင်နေတယ်လို့  ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – LYNN BO BO (EPA/MYANMAR)

 မေလ ၂၂ ရက်နေ့က နေပြည်တော်မှာ ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ဦးဆောင်တဲ့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်တာပါ။

ဒီတွေ့ဆုံမှုအတွင်းမှာတော့ ရခိုင်ဒေသအရေးမှာ တပ်မတော်ရဲ့ ကိုင်တွယ် ဖြေရှင်းမှုတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာအများစုဟာ မှားယွင်းနေတယ်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ လုံခြုံမှုနဲ့ တည်ငြိမ်မှုမရှိရင် ဒီမိုကရေစီလမ်းကြောင်းကို ဘယ်နည်းလမ်းနဲ့မှ ခိုင်မာအောင် လျှောက်လှမ်းနိုင်မှာ မဟုတ်ဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)