(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး တိုက်ရိုက်ထုတ်လွှင့်မယ်

0
393

(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနတွေဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံတို့က တိုက်ရိုက်ထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA/MYANMAR)

မေလ ၂၄ ရက်နေ့ မနက် ၁၀ နာရီအချိန် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာကျင်းပပြုလုပ်မယ့် အဲ့ဒီအစည်းအဝေးကို တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ ရှိနေတာပါ။

တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံတို့ကနေ မနက် ၉ နာရီ ၄၅ မိနစ် အချိန်ကနေ စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

အခမ်းအနားအစီအစဉ်တွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ တက်ရောက်လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေက မိန့်ခွန်းပြောကြားတာနဲ့ သ၀ဏ်လွှာ ဖတ်ကြားတာတွေကို ပြုလုပ်ဖို့ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)