ကချင်ဒုက္ခသည် စခန်းထဲက ကလေးငယ်တွေ ငြိမ်းချမ်းရေးကို မျှော်လင့်

0
236

ကချင်ပြည်နယ်ထဲမှာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင် ဒုက္ခသည် မိသားစုတွေဟာ အိမ်မပြန်နိုင်ကြသေးဘဲ ဒုက္ခသည်စခန်းတွေမှာ သောင်တင်နေဆဲ ဖြစ်ပါတယ်။

ယာယီ စာသင်ကျောင်းထဲက ကျောင်းသူတွေကို ၂၀၁၆ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ – UNICEF)

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရ တပ်မတော်အကြား မကြာခန ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန်းခွာ ထွက်ပြေးရသူ ၁ သိန်းအနက် ထက်ဝက်ခန့်ဟာ ကလေးသူငယ်တွေ ဖြစ်ကြပြီး ကုလသမဂ္ဂ ယူနီဆက်ဖ် (UNICEF) ကတော့ နှစ်ဘက်စလုံးအနေနဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို ကူညီထောက်ပံ့ပေးကြဖို့ တောင်းဆိုထားပါတယ်။

ကျေးရွာတွေအနီး တိုက်ပွဲတွေ လာဖြစ်တဲ့အခါ ဒေသခံ တချို့က နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံဘက် ထွက်ပြေးကြကာ တချို့ကတော့ မြစ်ကြီးနားဘက်ကို ထွက်ပြေးကြပါတယ်။

ဒုက္ခသည် စခန်းတွေမှာ ကလေးသူငယ်တွေ အတွက် ယာယီစာသင်ကျောင်းတွေကို ဖွင့်လှစ်ပေးထားပေမယ့် သင်ထောက်ကူ ပစ္စည်းတွေနဲ့ ဆရာ၊ ဆရာမတွေ ရှားပါးမှု အခက်အခဲတော့ ကြုံနေရပါသေးတယ်။

ကူညီထောက်ပံ့မှုတွေ ရှိပေမယ့် လောက်ငအောင် မိဘတွေကလည်း ဟင်းသီးဟင်းရွက် ရောင်းချတာ၊ ကျပမ်း အလုပ်လုပ်တာတွေ ရှိပေမယ့်။

ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ် ရေးထိုးထားတဲ့ အတွက် အစိုးရ ထိန်းချုပ် နယ်မြေမှာ ဖြစ်စေ၊ မထိန်းချုပ်နိုင်တဲ့ နယ်မြေမှာ ဖြစ်စေ ရှိနေတဲ့ ကလေးသူငယ်တွေဟာ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ အကာအကွယ်ပေးမှုတွေ ရပိုင်ခွင့် ရှိပါတယ်။

ကလေးတွေဟာ ပညာရေး ချို့တဲ့နေတယ်၊ ဒါက သူတို့ ဘဝ အနာဂတ်ကို ထိခိုက်စေမယ်၊ ရေရှည်မှာ ဒေသတွင်း စီးပွားရေး တိုးတက်မှုနဲ့ ဖွံ့ဖြိုးမှုကို အကျိုးသက်ရောက်နိုင်တယ်လို့ မြစ်ကြီးနားအခြေစိုက် ယူနီဆက်ဖ်ရုံး အကြီးအကဲ ဆီဆာ ဗီလာ (Cesar Villar) က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)