NLD အစိုးရ ငြိမ်းချမ်းရေးအကျိုးဆောင်တွေရဲ့ကဏ္ဍ အသိအမှတ်ပြုပြီး ချဲထွင်အသုံးပြုသင့်

0
288

 မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေရဲ့ အခန်းကဏ္ဍကို NLD အစိုးရဘက်က အသိအမှတ်ပြုပြီး ချဲထွင်အသုံးပြုသင့်တယ်လို့  မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ရဲ့သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောကြားလိုက်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ ဦးအောင်သူငြိမ်းက အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒါအပြင် လက်ရှိ ၂၁ ရာစုပင်လုံညီလာခံဖြစ်မြောက်ရေး အတွက် ဦးဆောင် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကြား အလွတ်သဘော ပြောဆိုဆွေးနွေးမှုတွေ အားနည်းနေတယ်လို့လည်း ဝေဖန်ထားတာပါ။

အလာတူး အဲ့ဒီလို အလွတ်သဘော ပြောဆိုဆွေးနွေးမှုတွေကို NLD အစိုးရအနေနဲ့ ပိုမိုလုပ်ဆောင်ဖို့ လိုအပ် လိမ့်မယ်လို့လည်း အကြံပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)