OHCHR အစီရင်ခံစာပါ အချက် ၁၈ ချက် မှန်ကန်မှု မရှိ ချဲ့ကားမှုဟု တပ်မတော်ဆို

0
242

OHCHR အစီရင်ခံစာပါ အချက် ၁၈ ချက်ထဲက ၁၂ ချက်ဟာ လုံးဝမှန်ကန်မှု မရှိကြောင်းနဲ့ ကျန်တဲ့ ၆ ချက်ဟာလည်း ချဲ့ကားပြီး မဟုတ်မမှန် စွပ်စွဲတာတွေသာ ဖြစ်တယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR က လူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းခဲ့တဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တွေအပေါ် တပ်မတော်က မေလ ၂၂ ရက်နေ့ ရက်စွဲ ထုတ်ပြန်ဝေဖန်လိုက်တာပါ။

အဲဒီသတင်းထုတ်ပြန်ချက်ထဲမှာတော့ တပ်မတော်အနေနဲ့ OHCHR ရဲ့ အစီရင်ခံစာပါ အချက်အပေါ် ကျေးရွာ ၂၉ ရွာက ရွာသူ/ရွာသားတွေ၊ ဖြစ်စဉ်ဖြစ်ပွားချိန်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့တဲ့ တပ်မတော် အရာရှိ/စစ်သည်တွေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့အတူ ဘူးသီးတောင် အကျဉ်းထောင်အတွင်းက အကျဉ်းသားတရားခံတွေရဲ့ သက်သေထွက်ဆိုချက်ကို ရယူပြီး တုန့်ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)