မိုင်းလား အထူးဒေသ ၄ အဖွဲ့ ၂၁ ရာစု ပင်လုံ တက်ရောက်မယ်

0
497

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေအနက် မိုင်းလား အထူးဒေသ ၄ အဖွဲ့က အထူးဖိတ်ကြားထားသူများ ကိုယ်စားလှယ် အနေနဲ့ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

နေပြည်တော်မှာ မေလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို NCA ကို လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့အပါအဝင် ညီလာခံကိုယ်စားလှယ် ၇၀၀ တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။

မနက်ဖြန် မေလ ၂၄ ရက်နေ့ နေပြည်တော်မှာ ညီလာခံ စတင်တော့မှာ ဖြစ်ပေမယ့် NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေအနက် ကျန်အဖွဲ့တွေရဲ့ အခြေအနေကို မသိသေးဘူးလို့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)