တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီကို စွပ်စွဲဖို့ ရည်ရွယ်ချက်မရှိ စိတ်ထဲပေါ်တာပြောတာလို့ ဦးဝင်းထိန်ဆို

0
300

 တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီကို စွပ်စွဲဖို့ ရည်ရွယ်ချက်မရှိပဲ စိတ်ထဲ ပေါ်တာတွေကိုသာ ပြောကြားခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။

သတင်းဓာတ်ပုံ – HEIN HTET (EPA/MYANMAR)

အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံနေတဲ့သတင်းတွေနဲ့ပတ်သက်ပြီး အစိုးရပိုင် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းစဉ် ဦးဝင်းထိန်က အဲ့ဒီလိုပြောကြားခဲ့တာလို့ မြန်မာ့အလင်းသတင်းစာက မေလ ၂၃ ရက်နေ့မှာ ဖော်ပြလာတာပါ။

ဒီလိုဖော်ပြရာမှာတော့ ဒီလို စိတ်ထဲက ပေါ်တာတွေကိုပြောလို့ မကျေနပ်လို့ ကြေညာချက် ထုတ်တွေအပေါ်မှာလည်း ဘာပြောစရာမှ မရှိဘူးလို့လည်း ဦးဝင်းထိန်က ပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)