ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်

0
276

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အမည်နဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားလာတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာ ပါတီ ရုံးချုပ် ဖွင့်လှစ်ထားတဲ့ အဲ့ဒီပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ လာရောက် လျှောက်ထားခဲ့တာလို့ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုတာပါ။

ဒါကြောင့် အဲ့ဒီပါတီအနေနဲ့ အသုံးပြုမယ့် ပါတီရဲ့ အမည်၊ အလံနဲ့ တံဆိပ်တွေကို ကန့်ကွက်လိုပါက ၇ ရက်အတွင်း ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်တိုင်ကြားနိုင်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)