NLD အစိုးရ လက်ထက်  ပြည်ပကုန်သွယ်မှုလိုငွေ ကန် ဒေါ်လာ သန်းပေါင်း ၅၅၀၀ ကျော် ရှိ

0
288

 

NLD အစိုးရ လက်ထက်မှာလည်း ပြည်ပကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၅၀၀ ကျော် ရှိတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

(သတင်းဓာတ်ပုံ – NYEIN CHAN NAING/EPA/MYNAMAR)

မေလ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာတဲ့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာမှာ အဲ့ဒီလို ထုတ်ဖော်ပြောဆိုထားတာပါ။

ဒီလိုဖော်ပြရာမှာတော့ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ သောင်း ၁ ထောင်ကျော်ရှိခဲ့တာပါ။

ဒါအပြင် ပြည်ပသွင်းကုန်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ သောင်း ၉ ထောင် နီးပါးအထိ ရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် NLD အစိုးရရဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း ပြည်ပကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၅၀၀ ကျော်ရှိနေတာပါ။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတုန်းကလည်း ပြည်ပ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀၀ ကျော်ရှိခဲ့တာဖြစ်တာကြောင့် ထူးထူးခြားခြား ပြောင်းလဲ တိုးတက်လာမှု မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)