ဒေါ်အောင်ဆန်းစုကြည်မှ သောက်သုံးရေ ရှားပါးမှုကိုကူညီခဲ့ကြသူတွေအား ကျေးဇူး တင်ကြောင်းပြောကြား

0
350

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေလအတွင်း အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာပြည်အနှံက သောက်သုံးရေ ရှားပါးမှုတွေကို ကူညီခဲ့ကြတဲ့ လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့တွေကို ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

13260082_811142329019985_6175691774421241311_n

မေလ ၂၃ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကနေ ပြည်သူ့သို့ ကျေးဇူးတင်လွှာ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ပြောဆိုလိုက်တာပါ။
အဲ့ဒီမှာတော့ မြန်မာပြည်အနှံက သောက်သုံးရေ ရှားပါးမှု ပြဿနာတွေကို တစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်မပါဘဲ ကူညီခဲ့ကြတဲ့ အသင်းအဖွဲ့တွေထဲက ရှင်သန်ရေးကူညီမှု အသင်း (Noble Heart) ကို ရွေးချယ်ပြီး ကျေးဇူးတင်လွှာကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ရှင်သန်ရေးကူညီမှု အသင်း (Noble Heart) အနေနဲ့ သောက်သုံးရေ ရှားပါးပြတ်လပ်မှု ပြဿနာကို နယ်မြေဧရိယာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်တာ၊ ရေတိုအတွက်သာမက ရေရှည်အတွက်ပါ ဆောင်ရွက်နိုင်တာတွေအပြင် ကူညီဆောင်ရွက်လိုတဲ့ လူငယ်လူရွယ်တွေကို တိုးမြင့်ပါဝင်လာအောင် ဆောင်ရွက်နိုင်တာတွေကြောင့် ရွေးချယ်ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)