ရန်ကုန် မိုင်းရှင်း တာဝန်တွေကို တပ်သား ရမ်ဘို ထမ်းဆောင်မယ်

0
301

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုက တပ်ကြပ်ကြီး မိုက်ကယ် သေဆုံးသွားတဲ့အတွက် သူ့နေရာမှာ တပ်သား ရမ်ဘိုက တာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။

တပ်ကြပ်ကြီး မိုက်ကယ်ဟာ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း တာဝန်ထမ်းဆောင်ရင်း ဧပြီလ ၁၅ ရက်နေ့မှာ အစာအိမ် သွေးကြောပေါက် ရောဂါနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တပ်ကြပ်ကြီး မိုက်ကယ်နေရာမှာ အသက် ၁ နှစ် ၆ လ အရွယ်ရှိ လက်ဘရော အမျိုးအစား တပ်သား ရမ်ဘိုက တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တပ်သား ရမ်ဘိုက အမှတ် (၁) စစ်ဘက်ရေးရာ လုံခြုံရေး အတတ်သင် ကျောင်းက ဖွင့်တဲ့ မိုင်းနှင့် မူးယစ်ဆေးဝါး ရှာဖွေရေးသင်တန်းဆင်းဖြစ်ပါတယ်။

တပ်သား ရမ်ဘိုဟာ ရန်ကုန်ရှိ အမေရိကန် နဲ့ ပြင်သစ်သံရုံး အခမ်းအနားများ၊ ဘောလုံးအကယ်ဒမီ ကျောင်းဖွင့်ပွဲ၊ ၂၀၁၇ အကယ်ဒမီ ပေးပွဲတွေမှာ မိုင်းရှင်းလင်းရေး တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)