ဒေါ်လာ ၉ သောင်း လိမ်လည်မှု ဂျော်ဂျီယာ နိုင်ငံသားနှစ်ဦးကို ဖမ်းဆီး

0
362

ရန်ကုန်မြို့ ငွေလဲကောင်တာ တစ်ခုကနေ အမေရိကန်ဒေါ်လာ ၉ သောင်း လိမ်လည်သွားသူ ဂျော်ဂျီယာနိုင်ငံသား နှစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးလိုက်ပါတယ်။

ဂျော်ဂျီယာ နိုင်ငံသားတွေ ဖြစ်တဲ့ ဂျန်ဂါဗာ ရီဗက်ဇ် (၆၄ နှစ်) နဲ့ နာမာနီယာ မာခါအက်ဇ် (၅၁ နှစ်) တို့ဟာ ဧပြီလ ၂၀ ရက်နေ့က ကျောက်တံတားမြို့နယ်ရှိ ဦးဇော်ဝင်း ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ပစိဖိတ် ငွေလဲ ကောင်တာကနေ အမေရိကန် ဒေါ်လာ ၉ သောင်း လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၉ သောင်းကို သူတို့ အသင့်ပါလာတဲ့ အဖြူရောင်ပေါ် အနီစက်တွေပါ ကြွပ်ကြွပ်အိတ်
၃ အိတ်နဲ့ ဒေါ်လာ ၃ သောင်းစီ ထုပ်ထည့်ကာ အတက်ချီကေ့စ် လက်ကိုင်သေတ္တာနဲ့ ကောင်တာပေါ် တင်ပြီး ၀ယ်ယူထားသော ဒေါ်လာငွေများထည့်ထားလိုက်ပါတယ်။ အဲဒီနောက် မြန်မာငွေ သွားယူဦးမယ်ဆိုကာ အဆိုပါ အတက်ချီကေ့စ်ကို ဆိုင်အတွင်း ကောင်တာပေါ် ထားရှိပြီး ထွက်သွားခဲ့ပြီးနောက် လာရောက် ယူဆောင်ခြင်း မရှိပါဘူး။

အတက်ချီကေ့စ်ကို ဖွင့်ကြည့်တဲ့အခါ ဆိုင်ကနေ ဝယ်မယ်ဆိုတဲ့ ဒေါ်လာတွေ မရှိတော့ဘဲ အမေရိကန် ဒေါ်လာ တစ်အုပ်စီမှာ ရှေ့နောက် ၁၀၀ တန် ဒေါ်လာငွေစည်းပြီး အတွင်းမှာ ၁ ဒေါ်လာတန်တွေ ထည့်ထားတဲ့ ငွေ ၃ အုပ် ဖြစ်နေတာ တွေ့ရှိရတာ ဖြစ်ပါတယ်။

CCTV မှတ်တမ်း ဓာတ်ပုံတွေကို အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ရဲတပ်ဖွဲ့ကို ဆက်သွယ်ပေးပို့ပြီး ပိတ်ဆို့ရှာဖွေရာမှာ လိမ်လည်သွားသူ ဂျော်ဂျီယာ နိုင်ငံသား နှစ်ဦးကို ဧပြီလ ၂၁ ရက်နေ့က လေဆိပ် ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ ၉ သောင်းကို သူတို့ရဲ့ အတွင်းခံ ဘောင်းဘီထဲမှာ ထည့်ပြီး ဝှက်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)