သံမဏိ နှင်းဆီဂျာနယ် လူသတ်မှု နောက်တစ်ဦးကို ထပ်မံ ဖမ်းဆီး

0
399

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ သံမဏိ နှင်းဆီဂျာနယ် ထုတ်ဝေသူကို သတ်ဖြတ်မှုမှာ ပါဝင် ပတ်သက်တယ်ဆိုသူ နောက်တစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

သံမဏိ နှင်းဆီဂျာနယ် ထုတ်ဝေသူ ဝေယံဟိန်းကို သတ်ဖြတ်ရာမှာ အဖော်အဖြစ် ပြည့်သူနိုင် (ခ) ဘုရားပွဲ (ခ) ဖြိုးသော် ဆိုသူလည်း ပါရှိကြောင်း တရားခံ အောင်ကိုကိုက ထွက်ဆိုတဲ့အတွက် ဧပြီလ ၂၂ ရက်နေ့မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဝေယံဟိန်း အသုံးပြုတဲ့ တိုရှီဘာ လက်ပ်တော့နဲ့ အိုင်ဖုန်းကို အောင်ကိုကိုက ပြင်ဦးလွင်မြို့ မြို့ပတ်လမ်းမှာ ရှိတဲ့ ကန်တော်လေးကန်မှာ စွန့်ပစ်တယ်လို့ ထွက်ဆိုတာကြောင့် ရေငုပ်သမားများကို ခေါ်ယူ ရှာဖွေစေကာ သိမ်းဆည်းခဲ့ပါတယ်။

သံမဏိနှင်းဆီ ဂျာနယ်တိုက်ကနေ အပုပ်နံ့ ထွက်နေလို့ အခန်းနီးချင်း ဦးမြင့်စိုးက ဧပြီလ ၁၆ ရက်နေ့က ဂျာနယ်တိုက် အယ်ဒီတာ ဦးစိန်အုပ်ကို ဖုန်းဆက် အကြောင်းကြားရာကနေ ဂျာနယ်တိုက်မှာ ဧပြီလ ၁၃ ရက်နေ့ကတည်းက တစ်ဦးတည်း ကျန်ခဲ့တဲ့ ဦးစိန်အုပ်ရဲ့ သားဖြစ်သူ ဝေယံဟိန်း (၂၇ နှစ်) အသတ်ခံထားရတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောသား အောင်ကိုကိုရဲ့ ဇနီးနဲ့ ဝေယံဟိန်းတို့ လူမှုရေး ဖောက်ပြန်မှုတွေ ရှိတာကြောင့် အောင်ကိုကိုက ဝေယံဟိန်းကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)