စီးပွားရေးလုပ်ငန်းရှင်တွေ ကျင့်ဝတ်လိုက်နာကြဖို့ အစိုးရသစ် သတိပေး

0
297

စီးပွားရေးလုပ်ငန်းရှင်တွေ ကျင့်ဝတ်တွေလိုက်နာကြဖို့  အစိုးရအဖွဲ့သစ်က သတိပေးပြောကြားလိုက်ပါတယ်။

ပြည်ပကုန်သွယ်မှုလိုငွေ မြင့်မားနေတဲ့အပေါ်  ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်လာတဲ့ ဒေါက်တာသန်းမြင့်က  အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါအပြင် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တစ်စုတစ်ဖွဲ့ရဲ့ လက်ဝါးကြီးအုပ်စနစ် မဖြစ်စေဖို့၊ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့အတူ ဆောင်ရွက်ကြဖို့ကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် အတွင်း စုစုပေါင်း ပြည်ပကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀၀  ကျော် ရှိနေတာပါ။

This slideshow requires JavaScript.

ဒီအပေါ်ကို တိုင်းပြည်ရဲ့ ကုန်သွယ်မှုပမာဏကို လာမယ့် ငါးနှစ်အတွင်း (၃) ဆမြင့်တက်လာဖို့ အစိုးရသစ်အနေနဲ့ မျှော်လင့်ထားတယ်လို့လည်း ပြည်ထောင်စုဝန်ကြီး အဲ့ဒီတွေ့ဆုံပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တိုင်းပြည်ရဲ့ ပို့ကုန်ပမာဏဟာ ပြီးခဲ့တဲ့ (၅) နှစ်တာ ကာလအတွင်း မြင့်တက်ခဲ့မှု မရှိခဲ့ပဲ ဒေသတွင်းနိုင်ငံတွေထဲက ကမ္ဘောဒီးယားနိုင်ငံထက် နည်းပါးနေတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)