ရွာငံမှာ မိုးသက်လေပြင်းတိုက်ခက်မှုကြောင့် သုံးပုံနှစ်ပုံနီးပါး ပျက်ဆီးပြီး သေဆုံးသူ ၄ ဦးအထိရှိ

0
367

ရှမ်းပြည်နယ်၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းမှာ ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေမှုတွေဖြစ်ပွားခဲ့တာကြောင့် လုနေအိမ်အချို့ ပျက်ဆီးခဲ့ပြီး သေဆုံး ဒဏ်ရာရရှိသူအချို့ ရှိခဲ့တယ်လို့ ရွာငံဒေသခံတွေက ပြောပါတယ်။

13043667_264309577242917_7924712392257238623_n
ဓာတ်ပုံ (https://www.facebook.com/ayekyisk.mayekyi)

အဲ့ဒီ သဘာဝဘေးဒဏ်ကြောင့် ဒေသရဲ့ သုံးပုံနှစ်ပုံနီးပါး ပျက်ဆီးခဲ့ကြပြီး လတ်တလော သေဆုံးသူ (၄) ဦးအထိရှိလာနေတာပါ။

နေအိမ်ပျက်ဆီးခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ရွာငံမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်းက MCN သတင်းဌာနကို ပြောပါတယ်။

13083326_264309243909617_3540713958932342251_n
ဓာတ်ပုံ – https://www.facebook.com/ayekyisk.mayekyi

လက်ရှိအခြေအနေမှာတော့ ပျက်ဆီးဆုံးရှုံးမှု အချက် အလက်တွေကို လိုက်လံကောက်ခံနေပြီ မကြာခင် တရားဝင် သတင်းထုတ်ပြန်နိုင်အောင် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဆောင်ရွက်နေကြပြီလို့လည်း သူက ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့ကပဲ မြန်မာပြည်တွင်းက ဒေသအချို့မှာ အလားတူ မိုးသက်ပြင်းကျရောက်တာ မိုးသီးကြွေးတာ စတဲ့ သဘာဝဘေးဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)