ထိုင်းရောက် မြန်မာနှစ်ဦးမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်မှု တွေ့ရှိ

0
717

မြန်မာနိုင်ငံသား နှစ်ဦးနဲ့ ခြောက်လသားအရွယ် ကလေးငယ် တစ်ဦးအပါအဝင် လူ ၅၀ ဦးမှာ COVID-19 ကူးစက်မှု အသစ် တွေ့ရှိရတယ်လို့ ထိုင်းအစိုးရက မတ်လ ၂၀ ရက်နေ့မှာ ကြေညာပါတယ်။

ခိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၁ ဦးဟာ ဗိုင်းရပ်စ် ဖြစ်ပွားသူတွေနဲ့ ထိတွေ့မှုကြောင့် ဖြစ်ကြောင်း၊ ၁၈ ဦးက လူများပြားတဲ့ မွေထိုင်း လက်ဝှေ့ပွဲကို သွားခဲ့ကြောင်း၊ တခြား ခြောက်ဦးက မလေးရှားနိုင်ငံရှိ ဗလီမှာ ကျင်းပတဲ့ ဘာသာရေး ပွဲကို တက်ရောက်ခဲ့ကြောင်း၊ ငါးဦးက အနုပညာ ဖျော်ဖြေရေးပွဲတွေ သွားခဲ့ကြောင်း၊ ကလေးငယ်နဲ့ ရဲတစ်ဦးအပါအဝင် လူ ၁၂ ဦးက ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေနဲ့ ထိတွေ့ခဲ့ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး ဆူဝမ်နာချိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံသား နှစ်ဦးအပါအဝင် လူ ကိုးဦးက နိုင်ငံခြားကို သွားခဲ့ပြီး နိုင်ငံခြားသားတွေနဲ့ ထိတွေ့ခဲ့ကြောင်း၊ ကျန် ဗိုင်းရပ်စ် ကူးစက်သူ သုံးဦးကတော့ ဘာကြောင့် ကူးစက်တယ်ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဆူဝမ်နာချိုင်းက ပြောပါတယ်။ ထိုင်းနိုင်ငံရှိ ပြည်နယ် ၂၄ ခုမှာ COIVD-19 ရောဂါ ဖြစ်ပွားနေပြီး အများစုက ဘန်ကောက်မြို့မှာ ကူးစက်ခံရတာ ဖြစ်ပါတယ်။ 

ထိုငျးရောကျ မွနျမာနှဈဦးမှာ COVID-19 ဗိုငျးရပျဈ ကူးစကျမှု တှေ့ရှိ

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)