ရန်ကုန် အထူးစီးပွားရေးဇုန် ဖော်ဆောင်မယ်

0
335

ရန်ကုန်တိုင်း၊ ဒလဘက်မှာ ရန်ကုန် အထူးစီးပွားရေးဇုန် ဖော်ဆောင်မယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ပြောပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန် အပြင် ဒုတိယအဆင့် အနေနဲ့ ရန်ကုန် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း တစ်ခုနဲ့ လေယာဉ်ကွင်းတစ်ခု လျာထားကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှာ ကျင်းပခဲ့တဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ဒုတိယအကြိမ် ပုံမှန် တွေ့ဆုံပွဲမှာ ပြောဆိုသွားတာပါ။

စက်မှုဇုန်အတွင်း လမ်း၊ လျှပ်စစ်၊ ရေဆိုးစတာတွေကိုလည်း စနစ်တကျ ကောင်းမွန်အောင် လုပ်ပေးမှာ ဖြစ်ပါတယ်။ စက်မှုဇုန်အတွင်း လူနေထိုင်ခွင့်မပြုဘဲ စက်ရုံလုပ်သားတွေ သွားလာရေး အဆင်ပြေဖို့ စက်မှုဇုန်နဲ့ အနီးဆုံးနေရာတွေမှာ အိမ်ရာစီမံကိန်းတွေ ဆောင်ရွက်ဖို့ ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)