နိုင်ငံတကာ ကျောင်းသား ဖလှယ်ရေး အစီအစဉ်အရ မန်းတက္ကသိုလ် ကျောင်းသားများ အိန္ဒိယကို ရောက်ရှိ

0
288

မြန်မာနဲ့ အိန္ဒိယ နိုင်ငံတကာ ကျောင်းသားဖလှယ်ရေး အစီအစဉ်အရ မန္တလေး တက္ကသိုလ်ကနေ ရောက်ရှိလာတဲ့ မြန်မာကျောင်းသားတွေကို အိန္ဒိယ စီမံခန့်ခွဲရေး အင်စတီကျု – ရှီလ်လွန် (IIM-Shillong) က မနေ့က မတ်လ ၂၂ မှာ ကြိုဆိုပွဲ ကျင်းပပါတယ်။

 

စီမံခန့်ခွဲမှု ဆိုင်ရာ ၁၀ ရက်ကြာ သင်တန်းဟာ MBA ကျောင်းသားတွေအတွက် ကမ္ဘာ့အပြောင်းအလဲများ၊ အမြင်သစ်များက တစ်ဆင့် စီမံခန့်ခွဲမှုကို နားလည်စေဖို့ ဖြစ်ပါတယ်။

 

မန္တလေး တက္ကသိုလ်လို ကျောင်းကြီးတွေနဲ့ ကျောင်းသားဖလှယ်ရေး အစီအစဉ်တွေ ပိုမို လုပ်ဆောင်လိုပါတယ်လို့ မန္တလေး တက္ကသိုလ် အစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်သူ ဒေါက်တာ နာလီနီပရာဝါ ထရီပါသီက ပြောပါတယ်။
မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေး ထူထောင်ဖို့ ဒီလို ဖလှယ်ရေး အစီအစဉ်တွေကို IIM-Shillong က စတင်တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)