ဧရာဝတီ တိုင်းဒေသကြီးကို ခရီးသွားဧည့်သည် ဝင်ရောက်မှု ၆၉ ရာခိုင်နှုန်း တိုးလာ

0
302

ဧရာဝတီ တိုင်းဒေသကြီးကို ခရီးသွားဧည့်သည် ဝင်ရောက်မှု ၄ သိန်းခွဲကျော် ရှိတဲ့အတွက် အရင်နှစ်ကထက် ၆၉ ရာခိုင်နှုန်းကျော် တိုးတက်လာပါတယ်။

ပုသိမ်၊ ငွေဆောင်၊ ချောင်းသာ၊ ဖျာပုံနဲ့ မြတ်မော်တင်စွန်း ဒေသတွေကို ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဝင်ငွေရရှိမှုကတော့ ပြည်တွင်း ကျပ် သန်း ၁ သောင်း ၃ ထောင်ကျော်နဲ့၊ ပြည်ပ ဒေါ်လာ ၁ သန်း ၆ သောင်း ၆ ထောင်ကျော် ရှိပါတယ်။

ခရီးသွား ဧည့်သည်တွေ ဝင်ရောက်တဲ့ ဒေသတွေမှာ နိုင်ငံခြားသား ဧည့်သည်တွေ တည်းခိုဖို့ အဆင့်မြင့် ဟိုတယ် နှစ်လုံး၊ တည်းခိုရိပ်သာ လေးလုံး၊ အခန်းပေါင်း ၁၇၈ ခန်းကို လုပ်ငန်းလိုင်စင် ချထားပေးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)