ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဘတ်ဂျက် ဒေါ်လာ ၃ သိန်းသာရှိ

0
293

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဘတ်ဂျက် (Tourism Promotion Budget) ဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန် ဒေါ်လာ ၃ သိန်းသာ ခွင့်ပြုထားပြီး အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အလွန် နည်းပါးနေပါတယ်။

ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဘတ်ဂျက်ဟာ ဗီယက်နမ်နိုင်ငံမှာ ဒေါ်လာ ၅ ဒသမ ၂၄ သန်း၊ ဖိလစ်ပိုင်မှာ ဒေါ်လာ ၁၀ ဒသမ ၄ သန်း၊ ထိုင်းမှာ ဒေါ်လာ ၂၂ ဒသမ ၂ သန်း၊ မလေးရှားမှာ ဒေါ်လာ ၈၉ ဒသမ ၈ သန်းအထိ သုံးစွဲနေကြပါတယ်။

ဒါကြောင့် အစိုးရဆီမှာ ဘတ်ဂျက်တောင်းခံခြင်း၊ ခရီးသွား ဧည့်သည်တွေဆီကနေ အခွန်စည်းကြပ်ခြင်း၊ ပုဂ္ဂလိကနေ ရန်ပုံငွေကောက်ခြင်း တွေအနက် သင့်လျော်တဲ့ တနည်းနည်းနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ကြိုးပမ်းရမှာ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမောင်က ပြည်သူ့အတွက် ပထမတစ်နှစ်တာ သုံးသပ်ချက်မှာ ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)