မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာ

0
285

ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို မတ်လ ၁၈ ရက်ကနေ မတ်လ ၂၂ ရက်နေ့အထိ သွားရောက် လေ့လာ စုံစမ်းမေးမြန်းခဲ့ပါတယ်။

ကောက်ဘဇားခရိုင်မှာ ရှိတဲ့ ဒုက္ခသည် စခန်း သုံးခုမှာ ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို သီးခြား တွေ့စုံ မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒုက္ခသည် အမျိုးသမီးတွေကို ဒေါက်တာ သက်သက်ဇင်နဲ့ ဒေါ်ကျိန်ငိုက်မန်တို့က မေးမြန်းပြီး အမျိုးသားတွေကို ဦးဇော်မြင့်ဖေနဲ့ အဖွဲ့ဝင်တွေက တစ်ဦးချင်းစီရော၊ အုပ်စုလိုက်ပါ သီးခြားစီ မေးမြန်းခဲ့ကြပါတယ်။
ဒါကာမြို့ကို သွားရောက်ပြီးတော့ IOM နဲ့ UNHCR ကိုယ်စားလှယ်တွေနဲ့လည်း သွားရောက် တွေ့ဆုံ ဆွေးနွေးပါတယ်။ ကော်မရှင်နဲ့အတူ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေလည်း လိုက်ပါခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)