ကြက်ခြေနီအမှတ်အသား ဥပဒေကြမ်း ယခုနှစ် လွှတ်တော်တင်မယ်

0
349

လူမှုအဖွဲ့အစည်းတွေနဲ့ ဆေးရုံဆေးခန်းများက ကြက်ခြေနီတံဆိပ်ကို တလွဲအသုံးပြုနေခြင်းကို တားဆီးမယ့် ကြက်ခြေနီအမှတ်သား ဥပဒေကြမ်းကို ယခုနှစ် လွှတ်တော်တင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ ဥပဒေအကြံပေး ဒေါက်တာမေထားက ဒီကနေ့ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၇၈ ကြိမ်မြောက် ဗဟိုကောင်စီ အစည်းအဝေး ခေတ္တနားချိန်မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီဥပဒေက တပ်မတော်အပါအ၀င် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးတို့ တာဝန်ရှိသူများ ပူးပေါင်းရေးဆွဲထားပြီး ရှေ့နေချုပ်ရုံးကို တင်ထားတယ်လို့ ဆိုပါတယ်။

ကိုသားကြီး(နေပြည်တော်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)