မြန်မာနိုင်ငံ ဥပဒေ ဘွဲ့ရသူများ အသင်း လိပ်ကျွန်းအမှု တင်ပြစာ ပေးပို့မယ်

0
307

မြန်မာနိုင်ငံ ဥပဒေဘွဲ့ရသူများအသင်းက ဧပြီလ ၁၈ ရက်နေ့မှာ ထိုင်းနိုင်ငံကို သွားရောက်ပြီး လိပ်ကျွန်းလူသတ်မှုမှာ စွပ်စွဲခံရတဲ့ မြန်မာ နှစ်ဦးအတွက် ဥပဒေကြောင်းအရ တင်ပြစာ ပေးပို့မှာ ဖြစ်ပါတယ်။

လိပ်ကျွန်းလူသတ်မှုမှာ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့အတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးရေး ထိုင်းဘုရင်နဲ့ တရားရုံးကို လိပ်မှုပြီး မြန်မာနိုင်ငံ ဥပဒေဘွဲ့ရသူများအသင်းက ဥပဒေကြောင်း အချက်အလက်များအရ တင်ပြစာပေးပို့မှာ ဖြစ်ပါတယ်။

လိပ်ကျွန်းအမှုအတွက် လုပ်ငန်းစဉ်ကို ဧပြီလ ၂ ရက်နေ့ မနက်ပိုင်း ရန်ကုန်မြို့ တက္ကသိုလ်များ ဓမ္မာရုံရဲ့ ဧည့်ခန်းဆောင်မှာ ဆွေးနွေးမှာ ဖြစ်ပြီး စိတ်ပါဝင်စားသူတွေ တက်ရောက် ဆွေးနွေးနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)