ဒုက္ခသည်အရေး ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ကြား ပြန်လည်ဆွေးနွေးကြဖို့ ကုလသမဂ္ဂ တိုက်တွန်း

0
323

ဒုက္ခသည်အရေး ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ကြား ပြန်လည်ဆွေးနွေးကြဖို့ ကုလသမဂ္ဂ တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR လက်ထောက် အကြီးအကဲတစ်ဦးဖြစ်သူ Volker Turk က ပြောကြားလိုက်တဲ့အကြောင်း Bangkok Post သတင်းစာက မတ်လ ၂၂ ရက်နေ့မှာ ဖော်ပြလာတာပါ။ အဲ့ဒီလို ဖော်ပြတဲ့နေရာမှာတော့ နယ်စပ်ဖြတ်ကျော် ဒုက္ခသည်တွေရဲ့ နှစ်ပေါင်းများစွာ ခံစားလာရတဲ့ ဒုက္ခတွေ အဆုံးသတ်ဖို့အတွက် ဆွေးနွေးကြဖို့ကိုလည်း နောက်ပေါ်ပေါက်လာမဲ့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဒါအပြင် နယ်စပ်ဖြတ်ကျော် ဒုက္ခသည်တွေအရေး ထိုင်း၊ မြန်မာနဲ့ UNHCR ကြား ၃ ဦး ၃ ဖက် သဘောတူ စာချုပ် ချုပ်ဆို နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၂) ရက်အင်္ဂါနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)