ဒေါ်နီလာသိန်းက မရမ်းကုန်းရဲစခန်းမှုး ရဲအုပ်သန်းဝင်းကို တရားဆွဲဆိုချက်ကို တရားရုံးက လက်ခံ

0
235

၈၈ မျိုးဆက်ကျောင်းသူ ဒေါ်နီလာသိန်းက မရမ်းကုန်းရဲစခန်းမှုး ရဲအုပ်သန်းဝင်းကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုနဲ့ တရားဆွဲဆိုချက်ကို မရမ်းကုန်းမြို့နယ် တရားရုံးက လက်ခံလိုက်ပြီဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် တရားရုံးကို ဒေါ်နီလာသိန်းက ဦးတိုက် လျှောက်ထားရာမှာ အမှုတွဲအမှတ် ၃၁၇ နဲ့ မတ်လ (၂၁) ရက်နေ့က လက်ခံခဲ့တာဖြစ်ပြီး လာမယ့် ဧပြီလ ၄ ရက်နေ့မှာ အဲ့ဒီတရားရုံးက စတင်ကြားနာဖို့ ရှိနေတယ်လို့လည်း ဦးဂျင်မီက MCN သတင်းဌာနကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ အမျိုးသားပညာရေးဥပဒေကြမ်း ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုမှာ ဒေါ်နီလာသိန်း ပါဝင်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နဲ့ စတင်တရားဆွဲဆိုခဲ့တာပါ။ အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ရဲစခန်းက ဆက်သွယ်ရှာဖွေရာမှာ မတွေ့ရှိတဲ့ အတွက် တရားခံပြေးအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီလို တရားခံပြေးအဖြစ်ကြေညာခဲ့တဲ့အပေါ် တရားလို ဒေါ်နီလာ သိန်းက ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မရမ်းကုန်းရဲစခန်းမှုးကို တရားဆွဲဆိုလိုက်တာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၂) ရက်အင်္ဂါနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)