ပါတီဝင်တွေအနေနဲ့ အခြားလူမှုရေးအသင်းလုပ်ငန်းတွေကို ဆောင်ရွက်ရင် ဗဟိုအလုပ်အမှုဆောင်ရဲ့ ခွင့်ပြုချက်လို

0
268

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေအနေနဲ့ အခြား လူမှုရေးအသင်းအဖွဲ့တွေမှာ ပါဝင်နေရင် ဒါမှမဟုတ် ပါဝင်ဆောင်ရွက်မယ်ဆိုရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူကြရမယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက် အရ မတ်လ ၂၁ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ အဲ့ဒီကြေညာချက်ထဲမှာပဲ ပါတီဝင်တွေအနေနဲ့ အဲ့ဒီလို အခြားလူမှုရေးအသင်းအဖွဲ့တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ရှိရင်လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုချက်ကို ရယူကြဖို့ကိုလည်း ညွှန်ကြားထားတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၂) ရက်အင်္ဂါနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)