စည္ပင္သာယာေရးစနစ္မွာ ျပည္သူပါ၀င္ခြင္႔ လံုး၀မရဘူးလို႔ ရန္ကုန္ ေစာင္႔ၾကည့္အဖြဲ႔က ေျပာ(႐ုပ္/သံ)

0
888

ရန္ကုန္တိုင္းေဒသႀကီးက စည္ပင္သာယာေရးစနစ္မွာ ျပည္သူပါ၀င္ခြင္႔ လံုး၀မရဘူးလို႔ ရန္ကုန္ ေစာင္႔ၾကည့္အဖြဲ႔က ေျပာပါတယ္။ ဒီသတင္းကိုေတာ႔ MCN သတင္းေထာက္ ေအာင္သူက ေပးပို႔ထားပါတယ္ခင္ဗ်ာ။

လက္ရွိအခ်ိန္ထိ စည္ပင္သာေရးေကာ္မတီေရြးခ်ယ္ပြဲေတြ မျပဳလုပ္ႏိုင္ေသးတာေၾကာင္႕ စည္ပင္သာယာေရးစနစ္မွာ ရန္ကုန္တိုင္းေဒသၾကီးဟာ ျပည္သူလံုး၀ပါ၀င္ခြင္႔မရတဲ႔ တိုင္းတစ္ခုအျဖစ္ ရပ္တည္ေနတယ္လို႔ ရန္ကုန္ေစာင္႔ၾကည့္အဖြဲ႔ တည္ေထာင္သူ ေဒါက္တာေဒၚညိဳညိဳသင္းကေျပာပါတယ္။

ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရး ဥပေဒမူၾကမ္းပါ စည္ပင္သာယာေရးေကာ္မတီမ်ား ေရြးေကာက္တင္ ေျမွာက္ျခင္းဆိုင္ရာ အလႊာစံုေဆြးေႏြးပြဲ ထုတ္ျပန္ခ်က္နဲ႔ပတ္သတ္တဲ႔ သတင္းစာရွင္းလင္းပြဲကို ေဖေဖာ္၀ါရီလ (၂၂)ရက္ေန႔က ရန္ကုန္ျမိဳ႕ ေအာဂစ္ဟိုတယ္မွာျပဳလုပ္ခဲ႔တာပါ။

Soundbite – ေဒါက္တာေဒၚညိဳညိဳသင္း(တည္ေထာင္သူ)
ရန္ကုန္ေစာင္႔ၾကည္႔အဖြဲ႕

ဒါ႔အျပင္ ျမိဳ႕ေတာ္၀န္ကို သမၼတက တိုက္ရိုက္ခန္႔အပ္တဲ့ ျပဌာန္းခ်က္မ်ိဳးေတြကို ျပည္ေထာင္စုအဆင္႔ေတြက ပယ္ဖ်က္ေပးႏိုင္ဖို႔နဲ႔ ျမိဳ႕ေတာ္၀န္ကစ ေရႊးေကာက္ခံျဖစ္ဖို႔အတြက္ စတင္ၾကိဳးစားသင္႔တယ္လို႔ ဒီမိုကေရစီ ဖြံ႔ျဖိဳးတိုးတက္ေရး လႈပ္ရွားေဆာင္ရြက္မႈေကာ္မတီရဲ႕ လႈံေဆာ္စည္းရံုးေရးမွဴး မသဥၨာရႊန္းလဲ႔ရည္က ေျပာပါတယ္။

Soundbite – မသဥၨာရႊန္းလဲ႔ရည္(လႈံေဆာ္စည္းရံုးေရးမွဴး)
ဒီမိုကေရစီဖြံ႔ျဖိဳးတိုးတက္ေရးလႈပ္ရွားေဆာင္ရြက္မႈေကာ္မတီ

အဲ႔ဒီ ရန္ကုန္ျမိဳ႕ ေတာ္စည္ပင္သာယာေရး ဥပေဒမူၾကမ္း အလႊာစံုေဆြးေႏြးအၾကံျပဳခ်က္ေတြကို လာမယ္႔ ေဖေဖာ္၀ါရီလ(၂၆)ရက္ေန႔မွာ ျပည္ေထာင္စုလႊတ္ေတာ္နဲ႔ အစိုးရကို တင္ျပသြားမွာပဲ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်တိုင်းဒေသကြီးက စည်ပင်သာယာရေးစနစ်မှာ ပြည်သူပါဝင်ခွင့် လုံးဝမရဘူးလို့ ရန်ကုန် စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်ခင်ဗျာ။

လက်ရှိအချိန်ထိ စည်ပင်သာရေးကော်မတီရွေးချယ်ပွဲတွေ မပြုလုပ်နိုင်သေးတာကြောင့် စည်ပင်သာယာရေးစနစ်မှာ ရန်ကုန်တိုင်းဒေသကြီးဟာ ပြည်သူလုံးဝပါဝင်ခွင့်မရတဲ့ တိုင်းတစ်ခုအဖြစ် ရပ်တည်နေတယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာဒေါ်ညိုညိုသင်းကပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေမူကြမ်းပါ စည်ပင်သာယာရေးကော်မတီများ ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ အလွှာစုံဆွေးနွေးပွဲ ထုတ်ပြန်ချက်နဲ့ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့က ရန်ကုန်မြို့ အောဂစ်ဟိုတယ်မှာပြုလုပ်ခဲ့တာပါ။

Soundbite – ဒေါက်တာဒေါ်ညိုညိုသင်း(တည်ထောင်သူ)
ရန်ကုန်စောင့်ကြည့်အဖွဲ့

ဒါ့အပြင် မြို့တော်ဝန်ကို သမ္မတက တိုက်ရိုက်ခန့်အပ်တဲ့ ပြဌာန်းချက်မျိုးတွေကို ပြည်ထောင်စုအဆင့်တွေက ပယ်ဖျက်ပေးနိုင်ဖို့နဲ့ မြို့တော်ဝန်ကစ ရွှေးကောက်ခံဖြစ်ဖို့အတွက် စတင်ကြိုးစားသင့်တယ်လို့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီရဲ့ လှုံဆော်စည်းရုံးရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

Soundbite – မသဉ္ဇာရွှန်းလဲ့ရည်(လှုံဆော်စည်းရုံးရေးမှူး)
ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီ

အဲ့ဒီ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ဥပဒေမူကြမ်း အလွှာစုံဆွေးနွေးအကြံပြုချက်တွေကို လာမယ့် ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်နဲ့ အစိုးရကို တင်ပြသွားမှာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)