ပရီမီယာစက္ရုံ အလုပ္သမားေတြ လမ္းေလၽွာက္ဆႏၵျပ (႐ုပ္/သံ)

0
930

လိႈင္သာယာစက္မႈဇုန္ထဲက ပရီမီယာစက္ရုံ အလုပ္သမားေတြ ေတာင္းဆိုထားတဲ့အခ်က္ေတြ လိုက္ေလ်ာမႈမရွိတာေၾကာင့္ လမ္းေလၽွာက္ဆႏၵျပခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

အလုပ္သမားေတြ ခြဲျခားဆက္ဆံျခင္းမျပဳဖို႔နဲ႔ ဥပေဒပါ အလုပ္သမားအခြင့္အေရးေတြေပးဖို႔ စတဲ့ေတာင္းဆို ခ်က္ ၁၄ ခ်က္ကို ပရီမီယာစက္ရုံ အလုပ္သမားေတြက ေတာင္းဆိုေနၾကတာပါ။ ဖေဖၚဝါရီလ ၂၁ ရက္ေန႔က အလုပ္သမားေတြ ေတာင္းဆိုထားတဲ့ အခ်က္ေတြနဲ႔ ပတ္သက္ၿပီး သတင္းစာ ရွင္းလင္းပြဲျပဳလုပ္ခဲ့သလို ဖေဖၚဝါရီလ ၂၂ ရက္ေန႔မွာ အလုပ္ရွင္နဲ႔ ၆ ႀကိမ္ ညိႇႏိႈင္းခဲ့ၾကပါတယ္။

အလုပ္သမားေတြ ေတာင္းဆိုထားတဲ့ အခ်က္ထဲက အခ်က္ ၆ ခ်က္ကို သေဘာတူထားတာရွိေပမယ့္ အဲဒီညိႇႏႈိင္းမႈအၿပီးမွာ အလုပ္ရွင္ဘက္က အားလုံးကို မလိုက္ေလ်ာႏိုင္ဘူးလို႔ ေျပာဆိုခဲ့တာေၾကာင့္ ေဖေဖၚဝါရီလ ၂၃ ရက္ေန႔မွာ အလုပ္သမားေတြ လမ္းေလၽွာက္ဆႏၵျပခဲ့တာပါ။

Soundbite. မခင္မမ (အတြင္းေရးမႉး) ပရီမီယာေကာ္ဖီအေျခခံအလုပ္သမားသမဂၢ

ပရီမီယာစက္ရုံဘက္က အလုပ္သမားေတြေတာင္းဆိုထားတဲ့အခ်က္ေတြကို လိုက္ေလ်ာၿပီးျဖစ္တာေၾကာင့္ ေဖေဖၚဝါရီလ ၂၁ ရက္ေန႔ ေနာက္ဆုံးထားၿပီး လုပ္ငန္းခြင္အတြင္းဝင္ေရာက္ဖို႔နဲ႔ မဝင္ေရာက္တဲ့အလုပ္သမားေတြကို မိမိဆႏၵအေလ်ာက္ အလုပ္ကႏႈတ္ထြက္တယ္လို႔ ယူဆမယ္လို႔ ေၾကညာ ထားပါတယ္။

အဲဒီေၾကညာခ်က္ကို အလုပ္သမားေတြက သေဘာမတူဘဲ အလုပ္ရွင္နဲ႔ ေျပလည္တဲ့အထိညိႇႏႈိင္းၿပီး လုပ္ငန္းခြင္အတြင္း ျပန္လည္ဝင္ေရာက္လိုတယ္လို႔ ေျပာပါတယ္။

Soundbite. မခင္မမ (အတြင္းေရးမႉး) ပရီမီယာေကာ္ဖီအေျခခံအလုပ္သမားသမဂၢ

အခုလို အလုပ္သမားေတြ စုေပါင္းလမ္းေလ်ာက္ဆႏၵျပေနတာနဲ႔ ပတ္သက္ၿပီး စက္ရုံက တာဝန္ရွိသူေတြကို ေမးျမန္းရာမွာ ေဖေဖၚဝါရီလ ၂၇ ရက္ေန႔မွာ ဆက္လက္ညႇိႏႈိင္းသြားဖို႔ရွိေနတယ္လို႔ ေျပာပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လှိုင်သာယာစက်မှုဇုန်ထဲက ပရီမီယာစက်ရုံ အလုပ်သမားတွေ တောင်းဆိုထားတဲ့အချက်တွေ လိုက်လျောမှုမရှိတာကြောင့် လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

အလုပ်သမားတွေ ခွဲခြားဆက်ဆံခြင်းမပြုဖို့နဲ့ ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေပေးဖို့ စတဲ့တောင်းဆို ချက် ၁၄ ချက်ကို ပရီမီယာစက်ရုံ အလုပ်သမားတွေက တောင်းဆိုနေကြတာပါ။ ဖဖေါ်ဝါရီလ ၂၁ ရက်နေ့က အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သလို ဖဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ အလုပ်ရှင်နဲ့ ၆ ကြိမ် ညှိနှိုင်းခဲ့ကြပါတယ်။

အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်ထဲက အချက် ၆ ချက်ကို သဘောတူထားတာရှိပေမယ့် အဲဒီညှိနှိုင်းမှုအပြီးမှာ အလုပ်ရှင်ဘက်က အားလုံးကို မလိုက်လျောနိုင်ဘူးလို့ ပြောဆိုခဲ့တာကြောင့် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ အလုပ်သမားတွေ လမ်းလျှောက်ဆန္ဒပြခဲ့တာပါ။

Soundbite. မခင်မမ (အတွင်းရေးမှူး) ပရီမီယာကော်ဖီအခြေခံအလုပ်သမားသမဂ္ဂ

ပရီမီယာစက်ရုံဘက်က အလုပ်သမားတွေတောင်းဆိုထားတဲ့အချက်တွေကို လိုက်လျောပြီးဖြစ်တာကြောင့် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်အတွင်းဝင်ရောက်ဖို့နဲ့ မဝင်ရောက်တဲ့အလုပ်သမားတွေကို မိမိဆန္ဒအလျောက် အလုပ်ကနှုတ်ထွက်တယ်လို့ ယူဆမယ်လို့ ကြေညာ ထားပါတယ်။

အဲဒီကြေညာချက်ကို အလုပ်သမားတွေက သဘောမတူဘဲ အလုပ်ရှင်နဲ့ ပြေလည်တဲ့အထိညှိနှိုင်းပြီး လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်လိုတယ်လို့ ပြောပါတယ်။

Soundbite. မခင်မမ (အတွင်းရေးမှူး) ပရီမီယာကော်ဖီအခြေခံအလုပ်သမားသမဂ္ဂ

အခုလို အလုပ်သမားတွေ စုပေါင်းလမ်းလျောက်ဆန္ဒပြနေတာနဲ့ ပတ်သက်ပြီး စက်ရုံက တာဝန်ရှိသူတွေကို မေးမြန်းရာမှာ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှာ ဆက်လက်ညှိနှိုင်းသွားဖို့ရှိနေတယ်လို့ ပြောပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)