ျမန္မာႏိုင္ငံက်န္းမာေရးမွဴးအသင္း ညီလာခံအၾကိဳ ညိွႏႈိုင္းေဆြးေႏြးပြဲ က်င္းပ (႐ုပ္/သံ)

0
952

မေတာ္တဆ လူနာအသက္ဆံုးရႈံးခဲ့ရင္ တိုင္ၾကားခံရမႈကေန ကာကြယ္ႏိုင္ဖို႔ ျမန္မာႏိုင္ငံ က်န္းမာေရးမွဴးေကာင္စီ ဥပေဒ ေပၚထြက္လာဖို႔ လုပ္ေဆာင္ေနၾကပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

ရန္ကုန္သူနာျပဳတကၠသိုလ္မွာက်င္းပေနတဲ့ ၁၃ ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံက်န္းမာေရးမွဴးအသင္း ညီလာခံအၾကိဳ ညိွႏႈိုင္းေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံက်န္းမာေရးမွဴးေကာင္စီ ဥပေဒ(မူၾကမ္း)ကို ေပၚထြက္လာဖို႔ ေဆြးေႏြးေနပါတယ္။

အဲဒီညီလာခံကို ေဖေဖာ္၀ါရီလ ၂၃ ရက္နဲ႔ ၂၄ ရက္အထိ ၂ ရက္ၾကာ က်င္းပသြားမွာ ျဖစ္ျပီး က်န္းမာေရးမွဴးေကာင္စီဥပေဒ ေပၚထြက္လာေရးအပါအ၀င္ က်န္းမာေရးမွဴးအသင္း ဖြဲ႔စညး္ပံုစည္းမ်ဥ္းျပင္ဆင္ဖို႔ကိစၥ စတာေတြ ေဆြးေႏြးဖို႔ရွိေနတာပါ။

Soundbites-ဦးစိုးေအာင္ (ဥကၠဌ) ျမန္မာႏိုင္ငံက်န္းမာေရးမွဴးအသင္း

ဒါ့အျပင္ ျပီးခဲ့တဲ့ ၁၂ၾကိမ္ေျမာက္ ညီလာခံမွာ လုပ္ငန္းစဥ္ ၁၂ ခ်က္ ခ်မွတ္ခဲ့ျပီး ၁၁ ခ်က္ကို လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ ျမန္မာႏိုင္ငံက်န္းမာေရးမွဴးေကာင္စီ ဥပေဒ ေပၚထြက္လာဖို႔ေတာ့ ၾကန္႔ၾကာေနတာျဖစ္ပါတယ္။

Soundbites- ဦးစိုးေအာင္ (ဥကၠဌ) ျမန္မာႏိုင္ငံက်န္းမာေရးမွဴးအသင္း

၁၃ ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံက်န္းမာေရးမွဴးအသင္းညီလာခံမွာ က်န္းမာေရးမွဴးအသင္းရဲ့ ဗဟို အလုပ္အမႈေဆာင္အဖြဲ႔သစ္ကို ေရြးခ်ယ္တင္ေျမာက္သြားဖို႔လည္း ရွိေနျပီး ေဖေဖာ္၀ါရီလ ၂၄ ရက္ေန႔မွာ က်င္းပမယ့္ ဖြင့္ပြဲအခမ္းအနားကို က်န္းမာေရးနဲ႔အားကစား၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီး ေဒါက္တာျမင့္ေထြး တက္ေရာက္ဖြင့္လွစ္မွာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မတော်တဆ လူနာအသက်ဆုံးရှုံးခဲ့ရင် တိုင်ကြားခံရမှုကနေ ကာကွယ်နိုင်ဖို့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးကောင်စီ ဥပဒေ ပေါ်ထွက်လာဖို့ လုပ်ဆောင်နေကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ရန်ကုန်သူနာပြုတက္ကသိုလ်မှာကျင်းပနေတဲ့ ၁၃ ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ညီလာခံအကြို ညှိနှိုုင်းဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကျန်းမာရေးမှူးကောင်စီ ဥပဒေ(မူကြမ်း)ကို ပေါ်ထွက်လာဖို့ ဆွေးနွေးနေပါတယ်။

အဲဒီညီလာခံကို ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်အထိ ၂ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပြီး ကျန်းမာရေးမှူးကောင်စီဥပဒေ ပေါ်ထွက်လာရေးအပါအဝင် ကျန်းမာရေးမှူးအသင်း ဖွဲ့စညး်ပုံစည်းမျဉ်းပြင်ဆင်ဖို့ကိစ္စ စတာတွေ ဆွေးနွေးဖို့ရှိနေတာပါ။

Soundbites-ဦးစိုးအောင် (ဥက္ကဌ) မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

ဒါ့အပြင် ပြီးခဲ့တဲ့ ၁၂ကြိမ်မြောက် ညီလာခံမှာ လုပ်ငန်းစဉ် ၁၂ ချက် ချမှတ်ခဲ့ပြီး ၁၁ ချက်ကို လုပ်ဆောင်နိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံကျန်းမာရေးမှူးကောင်စီ ဥပဒေ ပေါ်ထွက်လာဖို့တော့ ကြန့်ကြာနေတာဖြစ်ပါတယ်။

Soundbites- ဦးစိုးအောင် (ဥက္ကဌ) မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

၁၃ ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းညီလာခံမှာ ကျန်းမာရေးမှူးအသင်းရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်တင်မြောက်သွားဖို့လည်း ရှိနေပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ဖွင့်လှစ်မှာ ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)