
0
904



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗုံးခွဲမှုဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရိုးမဘဏ် အမှုဆောင် ဥက္ကဋ္ဌ ဦးသိမ်းဝေ ပြော

၂ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရတဲ့ လားရှိုးမြို့ ရိုးမဘဏ်နဲ့ ဧရာဝတီဘဏ်ကြား ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်လို့ ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်လုပ်ရပ်အတွက် များစွာ တုန်လှုပ်မိပြီး ဝမ်းနည်းမိကြောင်း၊ လူမဆန်တဲ့လုပ်ရပ်အတွက် အကြောင်းပြချက်တွေ မပေးနိုင်ပါဘူးလို့ ရိုးမဘဏ် အမှုဆောင် ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောပါတယ်။

နေ့စဉ်သွားလာနေကြတဲ့ အပြစ်မဲ့ ပြည်သူတွေကို အခုလို အကြမ်းဖက် လုပ်ရပ် ကျူးလွန်လိုက်တဲ့အတွက် တကယ်ကို တုန်လှုပ် မိကြောင်း၊ ရိုးမဘဏ် အနေနဲ့ ကွယ်လွန်သွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရသူ လုပ်ဖော်ကိုင်ဖက်တွေကို ကူညီပံ့ပိုးပေးဖို့ အဓိက အာရုံစိုက် လုပ်ဆောင်နေကြောင်းလည်း ရိုးမဘဏ်ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် အထူး အကြံပေး မစ္စတာ ဟာလ် ဘိုရှာက ပြောကြောင်းလည်း ရိုးမဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)