
0
1029



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘူးသီးတောင်မှာ လက်လုပ်မိုင်း ၂ လုံးတွေ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တင်းမေ (ဘင်္ဂါလီ) ကျေးရွာ ဗလီအနီး ခြုံစပ်မှာ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က မသင်္ကာဖွယ် အထုပ် ၁ ထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့တွေက သွားရောက် စစ်ဆေးခဲ့ပါတယ်။

ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့အထဲမှာ အချင်း ၄ လက်မခွဲ၊ အရှည် ၇ လက်မရှိ ကားပစ္စတင်နဲ့ လုပ်ထားတဲ့ သံချေးတက် လက်လုပ်မိုင်းနဲ့ အချင်း ၂ လက်မ၊ အရှည် ၉ လက်မရှိ သံပိုက်လုံးနဲ့ လုပ်ထားတဲ့ အဝေးထိန်း လက်လုပ်မိုင်းတွေကို တွေ့ရှိရတဲ့အတွက် တပ်မတော်က သိမ်းဆည်းသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)